သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ အီရန် ပြင်းထန်တဲ့အသုံးအနှုန်းတွေနဲ့ စကားစစ်ထိုး


အမေရိကန်သမ္မတထရမ့် တနင်္ဂနွေနေ့ညက သူ့ရဲ့တွစ်တာကနေရေးသားချက်ဟာ အီရန်နိုင်ငံအပေါ် ရန်စသလိုဖြစ်သွားမလားဆိုတဲ့အပေါ် သူ့အနေနဲ့ လုံးဝစိုးရိမ်မှုမရှိဘူးလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

“အမေရိကန်ပြည်ထောင်စုကို ဘယ်တော့မှ မခြိမ်းခြောက်နဲ့” အဲဒီလိုမှမဟုတ်ရင်တော့ အီရန်နိုင်ငံအနေနဲ့ သမိုင်းဝင်အကျိုးဆက်ခံစားရဖွယ်ရှိတယ်လို့ အီရန်သမ္မတ ရူဟာနီကို ပြင်းပြင်းထန်ထန်သတိပေးခဲ့တာနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ တောင်ဘက်မြက်ခင်းပြင်မှာ သတင်းထောက်က ဒီကနေ့ မေးမြန်းစဉ် သမ္မတထရမ့်က အဲဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးအကြံပေး John Bolton ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း သူသမ္မတနဲ့ စကားပြောခဲ့ပြီး၊ အီရန်နိုင်ငံအနေနဲ့ အနုတ်သဘောဆောင်တဲ့လုပ်ရပ်တွေကို လုပ်လာမယ်ဆိုရင်၊ အီရန်အနေနဲ့ ဘယ်နိုင်ငံမကြုံဖူးသေးတဲ့ ဆုံးရှုံးမှုမျိုးကို ပြန်ပေးဆပ်ရမှာဖြစ်တယ်လို့ သမ္မတထရမ့်က သူ့ကိုပြောခဲ့ကြောင်း ပြောပါတယ်။

အီရန်သမ္မတ ရူဟာနီက အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ကျားမြီးမဆွဲဖို့နဲ့ အဲဒီလိုလုပ်ရင် ဒုက္ခရောက်လိမ့်မှာဖြစ်ကြောင်း၊ အီရန်နဲ့ ငြိမ်းချမ်းအောင်နေရင်နေ၊ မနေရင်တော့ ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ဦးတည်မယ့် စစ်ပွဲတကာ့ စစ်ပွဲတွေထဲမှာ အကြီးမားဆုံးရှုံးမှုတွေဖြစ်မယ် စစ်ပွဲကြီးဖြစ်လာလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန် နဲ့ အီရန်သမ္မတ ၂ ယောက်စလုံးဟာ သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်ပြီးပြည်တွင်းက ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး၊ မစ္စတာရူဟာနီကတော့ ပြည်တွင်းမှာ စီးပွားရေးအရ မကျေနပ်မှုတွေနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG