သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ ကုန်ဈေးနှုန်း အဆမတန်တက်မှု လူထုကန့်ကွက် ဆန္ဒပြ


ကုန်ဈေးနှုန်းအဆမတန်တက်မှု ကြောင့် လူထုဆန္ဒပြ
ကုန်ဈေးနှုန်းအဆမတန်တက်မှု ကြောင့် လူထုဆန္ဒပြ

အီရန်နိုင်ငံမှာ အထွေထွေကုန်ဈေးနှုန်းတွေမြင့်တက်လာတာကို ကန့်ကွက်တဲ့အနေနဲ့ အီရန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Mashhad မြို့မှာ အီရန်နိုင်ငံသားရာပေါင်းများစွာဟာ ကြာသပတေးနေ့က လမ်းတွေပေါ်ကိုထွက်ဆန္ဒပြခဲ့ကြပြီး၊ လူအတော်များများကို ရဲကဖမ်းဆီးခဲ့ပါတယ်။

အင်တာနက်အွန်လိုင်းပေါ်မှာ ပျံ့နှံနေတဲ့ ဗွီဒီယိုရုပ်သံဖိုင်တွေမှာတော့ - ဆန္ဒပြတဲ့သူတွေက သမ္မတ ရူဟာနီကျဆုံးပါစေ၊ အာဏာရှင် ကျုဆုံးပါစေဆိုပြီး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပြီး၊ ရဲတွေကတော့ ဆန္ဒပြတဲ့သူတွေကို မီးသတ်ပိုက်တွေ ၊ မျက်ရည်ယိုဗုံးတွေ နဲ့ လူစုခွဲခဲ့ကြပါတယ်။

ဒါ့အပြင် Neyshabour, Kashmar, Yazd, နဲ့ Shahroud မြို့တွေမှာလည်း ဆန္ဒပြတာတွေဖြစ်ခဲ့တယ်လို့ အီရန်အစိုးရပိုင်တပိုင်းလိုဖြစ်နေတဲ့ Ilna သတင်းအေဂျင်စီက ပြောပါတယ်။ကုန်ဈေးနှုန်းကြီးမြှင့်မှုကို ကန့်ကွက်တဲ့ တရားမဝင်ဆန္ဒပြတာတွေ Mashhad မြို့မှာ ဖြစ်ပွားခဲ့ကြောင်း၊ ရဲက ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ် ဆောင်ရွက်ခဲ့ပြီး၊ အများပိုင်ပစ္စည်းကို ဖျက်ဆီးဖို့ ကြံစည်တဲ့သူတွေကိုပဲ ဖမ်းဆီးခဲ့တယ်လို့ Mashhad မြို့တော်ဝန် Mohammad Rahim Norozian က နိုင်ငံပိုင် IRNA သတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြတဲ့သူတွေက ဆီးရီးယားကထွက်ပြီး၊ ပြည်သူတွေအတွက် စဉ်းစားပါဆိုတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ပြီး၊ ဆီးရီးယားပြည်တွင်းစစ်မှာ အီရန်နိုင်ငံပါဝင်ပတ်သက်မှုကိုလည်း တိုက်ရိုက်ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG