သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အပေါ် ဒဏ်ခတ်မှုကြောင့် ရေနံဈေးတက်မှာ Trump စိုးရိမ်


အီရန်ရဲ့ နျူကလီယား အစီအစဉ်တွေကို ကန့်သတ်ဖို့ နိုင်ငံတကာသဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခု အဖြစ်နဲ့ အီရန်အပေါ် ဖြေလျှော့ပေးထားတာ တွေကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ Donald Trump က ပြောဆိုထားတဲ့ အတိုင်း တနင်္လာနေ့မှာ အမေရိကန်က အီရန်ရဲ့ ရေနံလုပ်ငန်းနဲ့ ငွေးကြေးဆိုင်ရာ ကဏ္ဍ တွေမှာ အရေးယူ ဒဏ်ခတ်မှုတွေ ပြန်လည် ချမှတ်လိုက်ပါတယ်။

ဒါပေမယ့် အီရန်ရဲ့ အဓိက ရေနံတင်သွင်းသူတွေ အပေါ် အရေးယူဒဏ်ခတ်မှုကိုတော့ တဖြေးဖြေးချင်း လုပ်သွားချင်ကြောင်း သမ္မတက တနင်္လာနေ့ မဲဆွယ်ပွဲသွားဖို့ သမ္မတအိမ်ဖြူက အထွက်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ အီရန်နဲ့ မပတ်သက်ကြောင်းနဲ့ အီရန်ကို ရေနံနဲ့ ပတ်သက်ပြီး လုံးဝအကျိုးအမြတ်မရအောင် ချက်ချင်းလုပ်လို့ ရပေမယ့် ဒါဟာ ရေနံဈေးကွက်ကို ကမောက်ကမ ဖြစ်စေနိုင်ကြောင်းနဲ့ ရေနံဈေးတွေ တက်မသွားစေချင်ဘူးလို့လည်း ပြောပါတယ်။

အီရန်အာဏာရှင်အတွက် ရွေးချယ်စရာ ရှိတယ်လို့ တနင်္လာနေ့ အစောပိုင်းမှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin နဲ့ ပူးတွဲ သတင်းစာရှင်လင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သတင်းထောက်တွေကို ပြောပါတယ်။ အီရန်အနေနဲ့ သူ့ရဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေကို လုံးဝပြောင်းပြစ်ပြီး သာမန် နိုင်ငံတနိုင်ငံလို လုပ်ဆောင်နိုင်သလို သူ့ရဲ့ စီးပွါးရေး ပျက်စီးအောင်လည်း သူလုပ်နိုင်တယ်လို့ ပြောခဲ့တာပါ။

အခု အမေရိကန်က ချမှတ်လိုက်တဲ့ အရေးယူမှုဟာ အီရန်ရဲ့ စီးပွါးရေးမှာ အဓိကကဏ္ဍကနေ ရှိနေတဲ့ အီရန်ရဲ့ ရေနံဝယ်ယူမှုကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အခုချမှတ်တဲ့ အရေးယူမှုကို ကင်းလွတ်ခွင့်ရတဲ့ နိုင်ငံ ၈ နိုင်ငံကလည်း ယာယီကင်းလွတ်ခွင့်ပေးတာ ဖြစ်ပြီး သူတို့ အီရန်နဲ့ လုပ်လက်စ အလုပ်တွေ လက်စသပ်ဖို့ အချိန်ပေးတာ ဖြစ်ကြောင်း Trump အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အီရန်အပေါ် ဒဏ်ခတ်မှုကြောင့် ရေနံဈေးတက်မှာ Trump စိုးရိမ်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG