သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ အီရန်အရေးယူဒဏ်ခတ်မှု ပြန်လည်ချမှတ်


အီရန် ရေနံစက်ရုံ

အီရန်နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုနဲ့ ဘဏ္ဍာရေး ကဏ္ဍအပေါ် အမေရိကန်တို့ ဒီကနေ့ တနလာင်္နေ့မှာ ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လည် ချမှတ်ပါတယ်။ အီရန်ရဲ့ နျူးကလီးယား အစီအစဉ်ကို ကန့်သတ်ထိန်းချုပ်ရေး နိုင်ငံတကာ သဘောတူညီချက်ရဲ့ တစိတ်တပိုင်း အရ အီရန်ရရှိထားတဲ့ သက်သာခွင့်တွေကို ပြန်လည်ရုပ်သိမ်းဖို့ အမေရိကန် သမ္မတ Donald Trump ဘက်က ပိုင်းဖြတ်ဆောင်ရွက်မှု အရ အခုလို လုပ်ဆောင်ခဲ့တာပါ။

နိုင်ငံခြားရေး ၀န်ကြီး Mike Pompeo နဲ့ ဘဏ္ဍာရေး ၀န်ကြီး Steven Mnuchin တို့က မနက်ပိုင်း သတင်းစာ ရှင်းလင်းပွဲမှာ အီရန် အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် ထုတ်ပြန်မှာပါ။ အီရန်နိုင်ငံရဲ့ အဓိက စီးပွားရေး တခု ဖြစ်တဲ့ ရေနံ ၀ယ်ယူမှုကို ပြန်ပြီး ပိတ်ပင်မှုလည်း ပါဝင်ပါတယ်။ နိုင်ငံ ၈ ခုကိုတော့ အီရန်ရဲ့ ရေနံ တင်သွင်းမှုကို ရပ်ဆိုင်းဖို့ အချိန်ပေးတဲ့ အနေနဲ့ ရေတို ကင်းလွတ်ခွင့် ပေးမယ်လို့လည်း အမေရိကန် အစိုးရ အရာရှိတွေက ပြောဆိုထားပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လည် ချမှတ်မှု ထဲမှာတော့ အီရန်ရဲ့ ဗဟိုဘဏ်၊ ရေကြောင်း ကုန်စည်ပို့ဆောင်ရေးနဲ့ သဘောင်္တည်ဆောက်ရေး တို့ကိုလည်း ပစ်မှတ်ထားမှာပါ။ အီရန် သမ္မတ Hassan Rohani ကတော့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး ရေနံ ဆက်ပြီး ရောင်းမယ်လို့ ဒီကနေ့ တနလာင်္နေ့ ရုပ်သံမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ အမေရိကန် သမ္မတ Donald Trump ကတော့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်တဲ့ ကြေညာချက်ထဲမှာတော့ အီရန်ရဲ့ ဖျက်လိုဖျက်စီး လုပ်ရပ်တွေလို့ သုံးနှုန်းပြီး ဒါတွေကို ရပ်မလား ဒါမှမဟုတ်လည်း စီးပွားရေး ပျက်ကပ်ဘက်ကို ဆက်ပြီး ဦးတည်သွားမလား ဆိုတာမှာ အီရန် ခေါင်းဆောင်တွေဘက်က တခုခုကို ရွေးချယ်စေရေး ဖိအားပေးဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG