သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်စီးပွားရေးလုပ်ငန်းတွေအပေါ် ကန်ပိတ်ဆို့မှုချမှတ်


အီရန်က သူ့ရဲ့ သြဇာကြီးတဲ့ IRGC အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့နဲ့ အတူ တိုက်ခိုက်ရာမှာ သုံးဖို့အတွက် ကလေးစစ်သားတွေကို လေ့ကျင့်ပေးနေတဲ့ အီရန်ပြည်သူ့စစ်တွေကို အထောက်အပံ့ ပေးနေတယ်လို့ ဆိုတဲ့ စီးပွါးရေးဆိုင်ရာ ကွန်ယက်အဖွဲ့ကို အင်္ဂါနေ့မှာ အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။

Basij Cooperative Foundation လို့ခေါ်တဲ့ ကွန်ယက်အဖွဲ့မှာ အနည်းဆုံးကုမ္ပဏီ ၂၀ လောက် ရှိနေပြီး သူတို့ဟာ အီရန်ရဲ့ ကားလုပ်ငန်း၊ သတ္တုတူးဖေါ်ရေး၊ သတ္တုနဲ့ ဘဏ်လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပတ်သက်နေပြီး သူတို့ဟာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာကို ထိမ်းချုပ်ပြီး ပိုင်ရှင်ဘယ်သူဆိုတာကို ဖုံးကွယ်ထားတယ်လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး Steven Mnuchin ကပြောပါတယ်။

ဒီ ကျယ်ပြန့်လှတဲ့ ကွန်ယက်အဖွဲ့က ကလေးစစ်သားစုဆောင်းတာ လေ့ကျင့်ပေးတာတွေ လုပ်နေပြီး ဒီကလေးစစ်သားတွေကို အီရန်အစောင့်တပ်ဖွဲ့ IRGC ရဲ့ လမ်းညွှန်မှုအောက်မှာ တိုက်ခိုက်မှုတွေ လုပ်စေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခု ချမှတ်လိုက်တဲ့ အရေးယူ ဒဏ်ခတ်မှုဟာ အီရန်ရဲ့ ဒေသတွင်း လူ့အခွင့်ရေးချိုုးဖေါက်မှုတွေနဲ့ ရန်လိုမှုတွေ ဆက်လုပ်နေတာအတွက် အမေရိကန်ရဲ့ ဆက်လက်ဒဏ်ခတ်မှု ဖြစ်ပါတယ်။

အခုလို ဒဏ်ခတ်ထားတဲ့ ကွန်ယက်အဖွဲ့က ကုမ္ပဏီတွေနဲ့ အမေရိကန်နိုင်ငံသားတွေ စီးပွါးရေးလုပ်ခွင့်ကို တားမြစ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG