သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်က IAEA နဲ့ ဆက်ဆံရေး ပြန်သုံးသပ်မည်


အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ်ရာ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၄ ကြိမ်မြောက် ပိတ်ဆို့ အရေးယူလိုက်ပြီးတဲ့နောက် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နဲ့ ဆက်ဆံရေးကို ပြန်လည် သုံးသပ်နေတယ်လို့ အီရန်က ပြောပါတယ်။

IAEA နဲ့ ဆက်ဆံရေးကို ပြန်ပြင်ဆင်ဖို့ ဖြစ်နိုင်ပြီး လွှတ်တော်အမတ်တွေက မကြာမီ စ အလုပ်လုပ်ကြလိမ့်မယ်လို့ လွှတ်တော် အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေးရာ ကော်မတီ အဖွဲ့ဝင်တွေကို ကိုးကားပြီး သတင်းဌာနတွေက တင်ပြခဲ့ကြပါတယ်။

ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုအသစ် အပြင် အီရန်အပေါ် ထပ်ဆောင်း အရေးယူဖို့လည်း သူတို့ ချမှတ်ကောင်း ချမှတ်မယ်လို့ ဥရောပသမဂ္ဂ သံတမန်တွေက ပြောပါတယ်။

အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် အစီအစဉ်ကို ဟန့်တား ထိန်းချုပ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ လုံခြုံရေးကောင်စီက အီရန်အပေါ် ၄ ကြိမ်မြောက် ပိတ်ဆို့ အရေးယူတဲ့ ဆုံးဖြတ်ချက်တရပ်ကို ဗုဒ္ဓဟူးနေ့က ချမှတ်ခဲ့တာပါ။

အီရန်တော်လှန်ရေး အစောင့်တပ်၊ တိုက်ချင်းပစ်ဒုံးပျံ အစီအစဉ်နဲ့ နျူကလီးယားနဲ့ ဆက်နွယ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆုံးဖြတ်ချက်အသစ်က ပစ်မှတ်ထား ကန့်သတ် ပိတ်ဆို့ထားပါတယ်။

ပိတ်ဆို့အရေးယူတာကို အီရန်က လက်မခံ ပယ်ချလိုက်ပါတယ်။ အီရန်က ယူရေနီယမ် သန့်စင်တာကို ရပ်လိမ့်မယ် မဟုတ်ဘူးလို့ IAEA ဆိုင်ရာ အီရန်နိုင်ငံ သံအမတ်ကြီး အလီ အက်စ်ဂါ ဆိုလ်တာနီး (Ali Asghar Soltanieh) က ပြောပါတယ်။

XS
SM
MD
LG