သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ သေဒဏ်ပေးခံရသူ လွှတ်ပေးဖို့ အမေရိကန်တောင်းဆို


အီရန်မှာ သေဒဏ်ပေးခံရသူ လွှတ်ပေးဖို့ အမေရိကန်တောင်းဆို
အီရန်မှာ သေဒဏ်ပေးခံရသူ လွှတ်ပေးဖို့ အမေရိကန်တောင်းဆို

အမေရိကန် CIA ရဲ့ သူလျှိုလုပ်မှုနဲ့ အီရန်တရားရုံးကနေ သေဒဏ်ချမှတ်ခြင်းခံထားရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တိုက်တွန်းလိုက်ပါတယ်။ အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်တဲ့ အမီရာမာဇီ ဟက်ခ်မာတီ (Amir Mirzaei Hekmati) ဟာ CIA က တာဝန်ပေးပြီး စေလွှတ်ထားသူ ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ မှားယွင်းတယ်လို့ အမေရိကန် သမ္မတရုံးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ပြောလိုက်ပါတယ်။

ဟက်ခ်မာတီ ဟာ CIA နဲ့ အဆက်အသွယ်ရှိသူ၊ သူတို့အခေါ် ရန်သူ့နိုင်ငံနဲ့ ပူးပေါင်းမှုအတွက် တရားရုံးက သေဒဏ်ပေးထားတာလို့ အီရန်အစိုးရရဲ့ အာဘော်တပိုင်းဖြစ်တဲ့ Fars သတင်းဌာနက ဆိုပါတယ်။ ဟက်ခ်မာတီ ဟာ သူ့လုပ်ရပ်အတွက် ဖာဆီဘာသာနဲ့ အင်္ဂလိပ်ဘာသာတို့နဲ့ ဝန်ခံဖြောင့်ချက်ပေးထားတယ် ဆိုပြီးတော့လည်း အီရန်အစိုးရ ရုပ်မြင်သံကြားမှာ ဒီဇင်ဘာလတုန်းက ပြသခဲ့ပါတယ်။

သမ္မတအိုဘားမား အစိုးရက ဒီ သေဒဏ်ချမှတ်မှုကို အပြင်းအထန် ရှုတ်ချလိုက်ပြီး ဟက်ခ်မာတီ အပေါ် စွပ်စွဲတာကို လက်မခံနိုင်ကြောင်း၊ သူ ဝန်ခံ ဖြောင့်ချက်ပေးတယ် ဆိုတာကလည်း အတင်းအကျပ် တိုက်တွန်းလို့ လုပ်ရခြင်းသာဖြစ်တယ်လို့ ယုံကြည်ကြောင်း နိုင်ငံခြားရေးဌာနရဲ့ ပြောခွင့်ရသူ ဗစ်တိုရီးယား နျူလန် (Vitoria Nuland) က ပြောလိုက်ပါတယ်။

တချိန်တည်းမှာပဲ အီရန်အစိုးရက နျူကလီးယားဗုံးလုပ်ရာမှာ အသုံးပြုလို့ ရနိုင်ဖွယ်ရှိတဲ့ ယူရေနီယံသန့်စင်ရေး လုပ်ငန်းကိုလည်း စတင်လိုက်ပြီလို့ အသိပေး ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG