သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အန္တရာယ်အစီရင်ခံချက် ကန်လွှတ်တော်အမြင်ကွဲပြား


အရှေ့အလယ်ပိုင်း ဒေသမှာ အမေရိကန် စစ်အင်အား တိုးမြှင့်ချထားမှုဖို့ ဆောင်ရွက်မှုတွေကြောင့် အီရန်ကို ဟန့်တားရာ ရောက်စေပြီး အီရန် အနေနဲ့ တခြား တိုက်ခိုက်မှုတွေ လုပ်နေပေမယ့် အမေရိကန်တွေ အပေါ် တိုက်ခိုက်မယ့် အလားအလာကိုတော့ ထိန်းချုပ်ထားနိုင်တယ်လို့ အမေရိကန် ယာယီ ကာကွယ်ရေး ဝန်ကြီး Pat Shanahan က ပြောပါတယ်။

ခြိမ်းခြောက်မှုတွေ မရှိတော့ဘူးဆိုတဲ့ သဘောမျိုးတော့ မဟုတ်ကြောင်း၊ အမေရိကန်တို့ရဲ့ အမြော်အမြင်နဲ့ တုံ့ပြန်မှုကြောင့် အီရန်တို့ဘက်က ပြန်ပြီး ချင့်ချိန် သွားစေတာလို့ ထင်ကြောင်း ယာယီ ကာကွယ်ရေး ဝန်ကြီး Shanahan က အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်မှာ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ ပြောခဲ့ပြီး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့လည်း ယာယီ ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ ဘယ်တိုက်ခိုက်မှုတွေကို ရည်ညွှန်းသလဲလို့ မေးမြန်းတာမှာတော့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး Joe Buccino က ပါရှန် ပင်လယ်ကွေ့အတွင်း ရေနံတင် သဘောၤ လေးစင်းအပေါ် တိုက်ခိုက်မှုဟာ အီရန်ရဲ့ လက်ချက် ဖြစ်နိုင်ခြေများတယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေးက ရည်ညွှန်းပြောထားကြောင်း ဗွီအိုအေကို ပြောပါတယ်။

အရှေ့အလယ်ပိုင်းမှာ အီရန်ကြောင့် ဖြစ်လာရတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောဆိုထားချက်နဲ့ ပတ်သက်ပြီးလည်း အင်္ဂါနေ့ နှောင်းပိုင်းမှာတော့ လွှတ်တော်အမတ်တွေကို ကာကွယ်ရေး ဝန်ကြီးနဲ့ တခြား အရာရှိတွေ တံခါးပိတ် သီးသန့် အစည်းအဝေးမှာ တင်ပြဖို့လည်း ရှိပါတယ်။ လွှတ်တော် အမတ်တွေကို တင်ပြကြမယ့် အထဲမှာတော့ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ၊ ယာယီ ကာကွယ်ရေး ဝန်ကြီး Shanahan ၊ ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး Joseph Dunford တို့လည်းပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG