သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြမှု “ပြည်ပသြဇာခံတွေလို့” အစိုးရ အပြစ်တင်


အီရန်နိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဒီဇင်ဘာ ၃၀-၂၀၁၇)
အီရန်နိုင်ငံက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ (ဒီဇင်ဘာ ၃၀-၂၀၁၇)

အီရန်နိုင်ငံမှာ မနေ့ စနေနေ့က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီး အတွင်း ဆန္ဒပြသူနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ပြည်ပ အစိုးရ သြဇာခံတွေကို အီရန် အစိုးရက ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ရဲတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ပစ်ခတ်ခဲ့တာ မရှိဘူးဆိုပြီး ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး Habibollah Khojastehpour က ပြောပါတယ်။

အုံကြွမှုကြီးရဲ့ ရန်သူတွေ ရှိတဲ့ အထောက်အထားတွေ ရထားတယ်လို့ ပြောဆိုပြီး ရုန်းရင်းဆန်ခတ် ဖြစ်မှုအတွင်း Takfiri အဖွဲ့နဲ့ ပြည်ပ သြဇာခံတွေပါတဲ့ အထောက်အထားတွေ ရှိကြောင်း နိုင်ငံပိုင် ရုပ်သံမှာ ဒီကနေ့ တနင်္ဂနွေနေ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။

သုံးရက်မြောက် ဆန္ဒပြပွဲနေ့မှာ နိုင်ငံ အနောက်ပိုင်း Dorud မြို့မှာ ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ သတင်းထောက် တဦး တွေ့ဆုံခွင့် ရခဲ့ပြီးနောက် သေဆုံးသူတွေက Hamzeh Lashni နဲ့ Hossein Reshno တို့ ဖြစ်ကြောင်း ဗွီအိုအေ ပါရှန် ဌာနက အတည်ပြုထားပါတယ်။

မနေ့ စနေနေ့က တတိယမြောက်နေ့ အဖြစ် လူပေါင်း ထောင်နဲ့ချီပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပြီးနောက်မှာတော့ အများပြည်သူကို အနှောင့်အယှက်ဖြစ်စေပြီး တရားဥပဒေ ချိုးဖောက်သူတွေ အနေနဲ့ သူတို့လုပ်ရပ် အတွက် တာဝန်ယူရမှာ ဖြစ်ပြီး ထိုက်သင့်သလို ပေးဆပ်ကြရမယ်လို့ အီရန် ပြည်ထဲရေး ဝန်ကြီးက သတိပေးလိုက်ပါတယ်။

ပြည်ထဲရေး ဝန်ကြီး Abdolrahman Rahmani Fazli က နိုင်ငံပိုင် ရုပ်သံကနေ ကြေညာချက်ထုတ်ခဲ့တာပါ။ အီရန်မှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့ အလုပ်လက်မဲ့နှုန်း တိုးလာမှုတွေကို ဆန့်ကျင် ဆန္ဒပြမှုတွေက ကြာသပတေးနေဲ့ သောကြာနေ့တို့မှာ နိုင်ငံတဝန်းက မြို့တွေမှာ ပြုလုပ်ခဲ့ကြတာပါ။

နိုင်ငံရဲ့ စီးပွားရေး ပြန်ကောင်းလာရပါစေမယ်ဆိုတဲ့ ကတိကဝတ်နဲ့ ပြီးခဲ့တဲ့ မေလ ရွေးကောက်ပွဲ ထပ်နိုင်ခဲ့တဲ့ အီရန် သမ္မတ Hassan Rouhani ကို ဆန္ဒပြသူတွေ ဆန့်ကျင် ကြွေးကြော်ခဲ့ကြသလို ဆန္ဒပြသူ တချို့တို့ကတော့ ဆီးရီးယား သမ္မတ Bashar al-Assad အစိုးရကို အီရန်ဘက်က ထောက်ခံမှု အပါအဝင် အီရန်ရဲ့ နိုင်ငံခြားရေး မူဝါဒကို ဆန့်ကျင် ကြွေးကြော်ခဲ့ကြပါတယ်။

XS
SM
MD
LG