သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mosul မြို့အရပ်သားသေကျေမှုများ ကန် စုံစမ်းစစ်ဆေးနေ


အီရတ်နိုင်ငံ မိုဆူးမြို.မှာ အရပ်သားတွေ မကြာခင်က သေဆုံးခဲ့ရတာအတွက် “ယူကြုံးမရဝမ်းနည်းစိတ်ထိခိုက်မိတယ်” လို့ အမေရိကန် စစ်တပ်က ထုတ်ပြောလိုက်ပါတယ်။

နိုင်ငံမြောက်ပိုင်း မိုဆူးမြို့မှာ လူပေါင်း ၁၀၀ အထိ ခုလို သေဆုံးခဲ့ရတာဟာအမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လို့ စွပ်စွဲလာတဲ့အပေါ်စုံစမ်းစစ်ဆေးမှုလုပ်နေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က မနေ့က ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ထဲမှာ ကမ္ဘာ.အလယ်ပိုင်းရေးရာ အမေရိကန် ကွပ်ကဲရေး တပ်မှုး ဗိုလ်ချုပ်ကြီး Joseph Votel က အစပိုင်း စစ်ဆေးမှုတွေအရဒီ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ စွပ်စွဲထားတဲ့ မိုဆူးအနောက်ပိုင်းမြို.ဟောင်းဘက်မှာအခုလ ၁၇ ရက်နေ့တုန်းက မဟာမိတ်အဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာ တွေ့ရှိထားတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒီမဟာမိတ်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှုအထောက်အကူနဲ့ အီရတ် အစိုးရတပ်တွေဟာ ၂၀၁၄ ခုနှစ်အလယ်ပိုင်းကစပြီးIS အစ္စလာမ် အကြမ်းဖက်သမားတွေစထိန်းချုပ်လာခဲ့တဲ့ မိုဆူးမြို. အနောက်ပိုင်းကို ပြန်သိမ်းယူဖို့ ဆက်ကြိုးပမ်းနေချိန်မှာ ခုလို ဖြစ်လာတာပါ။

ဗိုလ်ချုပ်ကြီး Votel က ဒီ မိုဆူးမြို.တိုက်ပွဲမှာ အတိုင်းအတာတစ်ခုထိ အောင်မြင်မှုတွေရှိလာနေပေမယ့် ခက်ခက်ခဲခဲ ဆက်တိုက်နေရတယ်၊ ဘာလို့လဲဆိုတော့ IS စစ်သွေးကြွတွေက အရပ်သားတွေထဲမှာနေပြီး စစ်ဆင်ရေးလုပ်နေလို့ဖြစ်တယ်၊ ဒါပေမဲ့ အရပ်သားသေဆုံးမှု အနည်းဆုံးဖြစ်အောင်တော့ အစွမ်းကုန်ကြိုးစားနေတယ်လို့ ဆက်ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG