(Zawgyi/Unicode)
အီရတ္ႏုိင္ငံက ဆႏၵျပသူေတြဟာ ဘဂၢဒက္ၿမိဳ႕လယ္ေကာင္က လႊတ္ေတာ္နဲ႔ ျပည္ပသံ႐ံုး အေတာ္မ်ားမ်ားရွိတဲ့ အခိုင္အမာကာကြယ္ထားတဲ့ ေနရာနားအထိ စေနေန႔က ေရာက္လာၾကတယ္လုိ႔ တာဝန္ရွိသူေတြကေျပာပါတယ္။
အေရးပါတဲ့ Khilani ရင္ျပင္နဲ႔ Green Zone လံုၿခံဳေရးေဒသကိုသြားတဲ့ တံတားတစင္းရဲ႕ တစိတ္တပိုင္းကို ဆႏၵျပသူေတြ ထိန္းခ်ဳပ္လိုက္တယ္လုိ႔ အီရတ္ လံုၿခံဳေရးနဲ႔ ေဆးဘက္ဆိုင္ရာ တာဝန္ရွိသူေတြက ေျပာပါတယ္။ Green Zone လံုၿခံဳေရးေဒသထဲမွာ အီရတ္အစိုးရ႐ံုးလည္း ရွိေနတာပါ။
ၿပီးခဲ့တဲ့လက စခဲ့တဲ့ ဆႏၵျပပြဲေတြ ေအးသြားပံုရၿပီးတဲ့ေနာက္ ဆႏၵျပပြဲေတြရဲ႕ အဓိကဗဟိုခ်က္ေနရာျဖစ္တဲ့ Tahrir ရင္ျပင္နားမွာ ေသာၾကာေန႔ေႏွာင္းပိုင္းက ဗံုးတလံုး ေပါက္ကြဲၿပီး လူသံုးဦးထက္မနည္း ေသဆံုးၿပီးေတာ့ ၁၈ ေယာက္ ဒဏ္ရာရသြားပါတယ္။
ေတာင္ပိုင္းက Nassiriya ၿမိဳ႕မွာ ေသာၾကာေန႔ညက ေပါက္ကြဲတဲ့ ေနာက္ထပ္ဗံုးေၾကာင့္ လူ ၁၈ ေယာက္ ဒဏ္ရာရပါတယ္။
ဗံုးေဖာက္ခြဲတာေတြဟာ ဘယ္သူ႔လက္ခ်က္လဲဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
အလုပ္အကိုင္ရွားပါးမႈနဲ႔ မျပည့္စံုတဲ့ အမ်ားျပည္သူ ဝန္ေဆာင္မႈေတြအေပၚ ပိုၿပီး မေက်မနပ္ျဖစ္လာၾကတဲ့အတြက္ ေအာက္တိုဘာလမွာ ဆႏၵျပပြဲေတြ စျဖစ္တာပါ။
ဆႏၵျပသူေတြက လက္ရွိအာဏာယူထားသူေတြ ႏုတ္ထြက္ေပးဖို႔နဲ႔ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရးအတြက္ အစိုးရ ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ ေတာင္းဆိုထားၾကပါတယ္။ ဘဂၢဒက္နဲ႔ အီရတ္ေတာင္ပိုင္းမွာ ဆႏၵျပပြဲေတြ စျဖစ္ခဲ့ကတည္းကဆိုရင္ လူေပါင္း ၃၀၀ ေက်ာ္ ေသဆံုးထားရၿပီးပါၿပီ။
___________________________
(Unicode)
အီရတ်ဆန္ဒပြပွဲတွေ အေးမသွားသေး
အီရတ်နိုင်ငံက ဆန္ဒပြသူတွေဟာ ဘဂ္ဂဒက်မြို့လယ်ကောင်က လွှတ်တော်နဲ့ ပြည်ပသံရုံး အတော်များများရှိတဲ့ အခိုင်အမာကာကွယ်ထားတဲ့ နေရာနားအထိ စနေနေ့က ရောက်လာကြတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။
အရေးပါတဲ့ Khilani ရင်ပြင်နဲ့ Green Zone လုံခြုံရေးဒေသကိုသွားတဲ့ တံတားတစင်းရဲ့ တစိတ်တပိုင်းကို ဆန္ဒပြသူတွေ ထိန်းချုပ်လိုက်တယ်လို့ အီရတ် လုံခြုံရေးနဲ့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ Green Zone လုံခြုံရေးဒေသထဲမှာ အီရတ်အစိုးရရုံးလည်း ရှိနေတာပါ။
ပြီးခဲ့တဲ့လက စခဲ့တဲ့ ဆန္ဒပြပွဲတွေ အေးသွားပုံရပြီးတဲ့နောက် ဆန္ဒပြပွဲတွေရဲ့ အဓိကဗဟိုချက်နေရာဖြစ်တဲ့ Tahrir ရင်ပြင်နားမှာ သောကြာနေ့နှောင်းပိုင်းက ဗုံးတလုံး ပေါက်ကွဲပြီး လူသုံးဦးထက်မနည်း သေဆုံးပြီးတော့ ၁၈ ယောက် ဒဏ်ရာရသွားပါတယ်။
တောင်ပိုင်းက Nassiriya မြို့မှာ သောကြာနေ့ညက ပေါက်ကွဲတဲ့ နောက်ထပ်ဗုံးကြောင့် လူ ၁၈ ယောက် ဒဏ်ရာရပါတယ်။
ဗုံးဖောက်ခွဲတာတွေဟာ ဘယ်သူ့လက်ချက်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အလုပ်အကိုင်ရှားပါးမှုနဲ့ မပြည့်စုံတဲ့ အများပြည်သူ ဝန်ဆောင်မှုတွေအပေါ် ပိုပြီး မကျေမနပ်ဖြစ်လာကြတဲ့အတွက် အောက်တိုဘာလမှာ ဆန္ဒပြပွဲတွေ စဖြစ်တာပါ။
ဆန္ဒပြသူတွေက လက်ရှိအာဏာယူထားသူတွေ နုတ်ထွက်ပေးဖို့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် အစိုးရ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ တောင်းဆိုထားကြပါတယ်။ ဘဂ္ဂဒက်နဲ့ အီရတ်တောင်ပိုင်းမှာ ဆန္ဒပြပွဲတွေ စဖြစ်ခဲ့ကတည်းကဆိုရင် လူပေါင်း ၃၀၀ ကျော် သေဆုံးထားရပြီးပါပြီ။