သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS လက်က Mosul ပြန်သိမ်းပိုက်နိုင်ရေး ကန်တပ်တွေ ကူ


အီရတ်နိုင်ငံ Mosul မြို့ကို IS စစ်သွေးကြွတွေလက်ကနေ ပြန်သိမ်းနိုင်အောင် တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးမှာ အီရတ်နဲ့ Kurd လူမျိုး Peshmerga တပ်ဖွဲ့တွေနဲ့အတူ အမေရိကန်တပ်သား ၁၀၀ ကျော် ကူညီပေးနေပါတယ်။

အီရတ်လုံခြုံရေးတပ်ဖဲ့ွဝင် ၁ သောင်း ၈ ထောင်၊ Kurd တိုက်ခိုက်ရေးသမား ၁ သောင်းအပြင် အီရတ်ရဲတပ်ဖွဲ့ဝင် ထောင်နဲ့ချီ ပူးပေါင်းတိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာ အမေရိကန်စစ်သားတွေက ကူညီပေးနေတယ်လို့ Pentagon စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူး Jeff Davis က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်စစ်သား ၁၀၀ ကျော်ဟာ အီရတ်လုံခြုံရေးတပ်တွေနဲ့ ရှေ့တန်းမှာ အတူသွားပြီး ကူညီပေးနေတယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။ IS စစ်သွေးကြွတွေ သိမ်းပိုက်ထားတာ ၂ နှစ်ကျော်ကြာပြီဖြစ်တဲ့ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး Mosul မြို့ကို ပြန်လည်ရအောင် ထိုးစစ်ဆင်နေကြတာ ဖြစ်ပါတယ်။

Mosul မြို့မှာ IS တိုက်ခိုက်ရေးသမား ၃ ထောင်ကနေ ၅ ထောင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ Mosul မြို့ကို ပြန်သိမ်းနိုင်ဖို့ကြိုးစားတဲ့ တိုက်ပွဲတွေဟာ ခက်ခဲမှာဖြစ်ပေမဲ့ IS စစ်သွေးကြွတွေဘက်က ရှုံးနိမ့်လိမ့်မယ်လို့ သူအခိုင်အမာ ယုံကြည်ကြောင်း သမ္မတ Barack Obama က အင်္ဂါနေ့က Washington မြို့တော်မှာ ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG