သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS လက်က Mosul ကိုပြန်သိမ်းနိုင်ဖို့ ကြိုးပမ်းမှု အောင်မြင်မှုတွေ့ရ


အီရတ်နိုင်ငံမြောက်ပိုင်း Mosul မြို့ကို IS စစ်သွေးကြွတွေလက်ကနေ ပြန်လည်သိမ်းယူနိုင်ဖို့ အီရတ်တပ်တွေ မြေပြင်ကနေ ထိုးစစ်ဆင်နေတာနဲ့အတူ တချို့နေရာတွေကို ပြန်လည်သိမ်းယူနိုင်ပြီလို့ အီရတ်တပ်တွေနဲ့အတူ ကူညီတိုက်နေတဲ့ Kurd တပ်ဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

မြို့ရဲ့နယ်နမိတ် စတုရန်းကီလိုမီတာ ၂၀၀ လောက်ကို တရက်ထဲမှာ သိမ်းယူနိုင်ခဲ့တယ်လို့ Kurd ဒေသအကြီးအကဲ Masoud Barzani က တနင်္လာနေ့ကလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ Mosul တမြို့လုံး IS တွေလက်ကနေ လွတ်မြောက်ရမယ်လို့လည်း သူက ပြောခဲ့ပါတယ်။ အခုစစ်ဆင်ရေးဟာ အီရတ်နိုင်ငံထဲကနေ အမေရိကန်တိုက်ခိုက်ရေးတပ်တွေ ဆုတ်ခွာခဲ့ပြီး ၅ နှစ်အကြာမှာ အကြီးကျယ်ဆုံးပြုလုပ်တဲ့ စစ်ဆင်ရေးဖြစ်ပါတယ်။ ဒေသထဲကမှာရှိနေကြတဲ့ ထောင်နဲ့ချီတဲ့ အရပ်သားတွေရဲ့ လုံခြုံရေးနဲ့ပါတ်သက်လို့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

Mosul မြို့ လွတ်မြောက်ရေး စစ်ဆင်ရေးမှာ အီရတ်တပ်တွေနဲ့အတူ၊ ပြည်ထောင်စုရဲတပ်ဖွဲ့၊ Kurd တပ်ဖွဲ့၊ ဆူနီတိုက်ခိုက်ရေးသမားတွေနဲ့ ရှီရာပြည်သူ့စစ်တပ်ဖွဲ့တွေ အတူတွဲ တိုက်ခိုက်နေကြပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက IS ပြစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေကြတဲ့ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေကလည်း Mosul မြို့က IS တွေအပေါ် လေကြောင်းကနေ တိုက်ခိုက်ပေးနေပါတယ်။

အီရတ်နဲ့ Kurd တပ်ဖွဲ့ဝင်တွေဟာ စီစဉ်ထားတာထက်ကို ရှေ့တိုးတိုက်ခိုက်နိုင်ကြတယ်လို့ Pentagon ပြောခွင့်ရသူ Peter Cook ကတနင်္လာနေ့က ပြောပါတယ်။ အမေရိကန်တပ်တွေဟာလဲ စစ်ကူပေးဖို့ Mosul မြို့အပြင်မှာ အသင့်ရှိနေကြပေမဲ့ အီရတ်တပ်တွေကသာ ဦးဆောင်တိုက်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG