သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ဗုံးခွဲမှု ပါကစ္စတန်သား ၇၀ ကျော် သေဆုံး


ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ရှီယာတွေရဲ့ ဘုရားကျောင်း

ပါကစ္စတန်နိုင်ငံတောင်ပိုင်းက ရှီယာတွေရဲ့ ဘုရားကျောင်းထဲက လူစုလူဝေးကြားထဲ IS စစ်သွေးကြွအဖွဲ့ရဲ့ အသေခံဗုံးခွဲသူတဦး ကြာသပတေးနေ့ ဗုံးဖေါက်ခွဲမှုကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရပြီး လူ ၂၀၀ လောက် ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ သေဆုံးသူ တွေ ထဲမှာ ကလေးငယ်ပေါင်း ၃၀ လောက် ပါဝင်နေကြောင်း Reuters သတင်းမှာ ဖေါ်ပြထားပါတယ်။

ဝေးလံခေါင်ဖျားဒေသဖြစ်တဲ့ Sindh ခရိုင်ထဲက Sehwan မြို့က တိုက်ခိုက်မှုမှာ သေဆုံးရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်နေပြီး ဒီတိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က သူတို့ရဲ့ သတင်းဌာနကနေ တဆင့် သတင်းထုတ်ပြန် ပါတယ်။

စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် Asif Ghafoor ကတော့ အခင်းဖြစ်ပွားရာနေရာမှာ ကူညီကယ်ဆယ်ရေးအတွက် တပ်သားတွေ၊ ရဟတ်ယာဉ်တွေနဲ့ C-130 လေယာဉ်တွေ စေလွှတ်ထားတယ်လို့ ပြောပါတယ်။

အခု တိုက်ခိုက်မှုကို အမျိုးသမီးတဦးက လုပ်ဆောင်တာဖြစ်ပြီး သူမရဲ့ ဦးခေါင်းပိုင်းကို အခင်းဖြစ်ပွါးရာ နေရာမှာရှာတွေ့ခဲ့တယ်လို့ ဒေသစီမံခန့်ခွဲရေး အရာရှိတွေက ပြောပါတယ်။

တချိန်ထဲမှာပဲ ပါကစ္စတန် အနောက်တောင်ပိုင်းက Balochistan ခရိုင်ထဲမှာ စစ်တပ် မော်တော်ယာဉ်တန်းကို လမ်းဘေးထောင်ဗုံး ထိမှန်ခဲ့တဲ့အတွက် စစ်သား ၃ ဦး သေဆုံးခဲ့ရတယ်လို့လည်း စစ်ဘက်က ပြောပါတယ်။

အသေခံဗုံးဖေါက်ခွဲမှုတွေနဲ့ စစ်သွေးကြွတွေရဲ့ တခြား တိုက်ခိုက်မှုတွေ ဆက်တိုက်လိုလို ဖြစ်ပွါးနေတာကြောင့် ပါကစ္စတန်တလွှား ဒီသီတင်းပတ်ထဲ သေဆုံးဒဏ်ရာရသူ ပေါင်း ဒါဇင်နဲ့ချီ ရှိနေပါတယ်။

IS ဗုံးခွဲမှု ပါကစ္စတန်သား ၇၀ ကျော် သေဆုံး
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG