သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား လုပ်သား ၃၀၀ IS ဖမ်းဆီးခေါ်ဆောင်


Syria နိုင်ငံ Damascus မြို့။
Syria နိုင်ငံ Damascus မြို့။

ဆီးရီးယား နိုင်ငံ ဒမတ်စကပ် မြို့တော်ရဲ့ အရှေ့မြောက်ပိုင်းမှာ ဘိလပ်မြေစက်ရုံ လုပ်သား ၃၀၀ လောက်ကို အိုင်အက်စ် စစ်သွေးကြွတွေက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား ခဲ့တယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံကပြောပါတယ်။

အလုပ်သမားတွေဟာ Al Badia ဘိလပ်မြေကုမ္ပဏီက ဖြစ်ပြီး သူတို့ကို Dumeir မြို့နားကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ကုမ္ပဏီက တာဝန်ခံ အရာရှိတွေကတော့ သူတို့ရဲ့ အလုပ်သမားတွေနဲ့ အဆက်အသွယ်လုပ်လို့ မရသေးဘူးလို့ ပြောပါတယ်။

ဒီသီတင်းပါတ် အစောပိုင်းမှာတုန်းက အိုင်အက်စ် စစ်သွေးကြွတွေက Dumeir မှာ ရှိတဲ့ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်သား ၁၂ ဦးသေဆုံးခဲ့ရ ပါတယ်။ ဆီးရီးယား အစိုးရက အဲဒီဒေသတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ အပြင် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး တုန့်ပြန်ခဲ့ပါတယ်။

စစ်သွေးကြွတွေဟာ တနင်္လာနေ့က ဘိလပ်မြေစက်ရုံကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အလုပ်သမား၂၅၀ ကျော် လောက် ပျောက်ဆုံးနေတယ် လို့ ဒေသခံတွေက ပြော ပါတယ်။ Dumeir ဟာ နိုင်ငံရဲ့ အရှေ့ပိုင်း အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေနဲ့ အနောက်ဖက်က သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ ကြားမှာ တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်ပိုင်လေဆိပ်နဲ့ ဓါတ်အားပေးစက်ရုံတွေ အပါအဝင် အရေးပါတဲ့ နေရာ အများအပြားကိုတော့ အစိုးရက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG