စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၂ ဇန်နဝါရီလကနေ ဧပြီလအထိ ပထမ လေးလပတ်အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့အပါအဝင် ကဏ္ဍ ၇ ခုမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု မပါဝင်တာ တွေ့ရပါတယ်။ ဒီတော့ လက်ရှိ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အခြေအနေ ဘယ်လိုရှိပါလဲ။ အချက်အလက်တွေကို စုစည်းပြီး မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က မြင်ကွင်းကျယ်မှတ်စုအဖြစ် တင်ဆက်ထားပါတယ်။