သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အစၥေရးလ္ စစ္ဆင္ေရးအတြင္း သတင္းေထာက္ အသတ္ခံရမႈ ကန္ နဲ႔ ကုလ ရႈတ္ခ်


Protesters hold photos of slain Al Jazeera journalist Shireen Abu Akleh as they shout at Israeli border police in Haifa, Israel, May 11, 2022. Abu Akleh was shot and killed on Wednesday while covering an Israeli military raid in the occupied West Bank.

ေဂ်ာ္ဒန္ျမစ္ အေနာက္ဖက္ကမ္း ေဒသမွာ အစၥေရးလ္စစ္တပ္ရဲ႕ စစ္ဆင္ေရးတခုကို သတင္းယူေနစဥ္ Al Jazeera သတင္းေထာက္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရတဲ့အေပၚ အေမရိကန္နဲ႔ ကုလသမဂၢတို႔က ျပစ္တင္႐ႈတ္ခ်လိုက္ၾကပါတယ္။

အစၥေရးလ္ စစ္ဆင္ေရးအတြင္း သတင္းေထာက္ အသတ္ခံရမႈ ကန္ နဲ႔ ကုလ ရႈတ္ခ်

{{Zawgyi/Unicode}}
ေဂ်ာ္ဒန္ျမစ္ အေနာက္ဖက္ကမ္း ေဒသမွာ အစၥေရးလ္စစ္တပ္ရဲ႕ စစ္ဆင္ေရးတခုကို သတင္းယူေနစဥ္ Al Jazeera သတင္းေထာက္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရတဲ့အေပၚ အေမရိကန္နဲ႔ ကုလသမဂၢတို႔က ျပစ္တင္႐ႈတ္ခ်လိုက္ၾကပါတယ္။ အသက္ ၅၁ ႏွစ္အရြယ္ ပါလက္စတိုင္း၊ အေမရိကန္ သတင္းေထာက္ Shireen Abu Akleh ဟာ Jenin ၿမိဳ႕မွာ သတင္းယူေနစဥ္ မီဒီယာသမားအျဖစ္ အထင္အရွား ၀တ္စားထားလ်က္နဲ႔ ပစ္ခတ္ခံခဲ့ရတာလို႔လည္း ဆိုပါတယ္။

သတင္းေထာက္ ေသဆုံးတဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ သတ္ျဖတ္မႈအတြက္ အျပင္းအထန္ ႐ႈတ္ခ်ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Ned Price က ေျပာခဲ့တာပါ။ ပစ္ခတ္မႈကို စနစ္တက် အျမန္ဆုံး စုံစမ္းစစ္ေဆးဖို႔နဲ႔ တာ၀န္ရွိသူေတြကို အေရးယူဖို႔လည္း တိုက္တြန္းခဲ့ပါတယ္။

Al Jazeera သတင္းေထာက္ ေသဆုံးမႈဟာ ကမာၻတလႊားက သတင္းမီဒီယာအေပၚ တိုက္ခိုက္မႈျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။ လူ႔အခြင့္အေရးဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံးကလည္း သတင္းေထာက္ ေသဆုံးမႈအတြက္ တုန္လႈပ္မိေၾကာင္း Twitter ကေန ေျပာခဲ့ပါတယ္။

သတ္ျဖတ္မႈကို ပြင့္လင္းျမင္သာမႈရွိရွိ သီးျခားလြတ္လပ္စြာ စုံစမ္းေဖာ္ထုတ္ဖို႔နဲ႔ က်ဳးလြန္သူေတြ အျပစ္ေပးမခံရဘဲ လြတ္ေျမာက္ေနတာေတြ အဆုံးသတ္ဖို႔လည္း တိုက္တြန္းခဲ့တာပါ။

ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ ယဥ္ေက်းမႈဆိုင္ရာအဖဲြ႕ (UNESCO) ၫႊန္ၾကားေရးမွဴးခ်ဳပ္ Audrey Azoulay ကလည္း သတင္းေထာက္ အသတ္ခံရမႈကို စုံစမ္းေဖာ္ထုတ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။ ပါလက္စတိုင္းသမၼတ Mahmoud Abbas နဲ႔ Al Jazeera သတင္းဌာနတို႔ကေတာ့ သတင္းေထာက္ကို အစၥေရးလ္တပ္ဖဲြ႕ေတြက ေသြးေအးေအးနဲ႔ ေျပာင္ေျပာင္တင္းတင္း သတ္ျဖတ္ခဲ့တာျဖစ္ေၾကာင္း ေျပာဆိုထားပါတယ္။

အစၥေရးလ္ ၀န္ႀကီးခ်ဳပ္ Naftali Bennett ကေတာ့ စုံစမ္းစစ္ေဆးမႈေတြ မလုပ္ရေသးခင္ ပါလက္စတိုင္းသမၼတက အေျခအျမစ္မရွိ စြပ္စဲြေျပာဆိုေနေၾကာင္း တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

..................................................................

အစ္စရေးလ် စစ်ဆင်ရေးအတွင်း သတင်းထောက် အသတ်ခံရမှု ကန် နဲ့ ကုလ ရှုတ်ချ

{{Zawgyi/Unicode}}
ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသမှာ အစ္စရေးလ်စစ်တပ်ရဲ့ စစ်ဆင်ရေးတခုကို သတင်းယူနေစဉ် Al Jazeera သတင်းထောက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့အပေါ် အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ အသက် ၅၁ နှစ်အရွယ် ပါလက်စတိုင်း၊ အမေရိကန် သတင်းထောက် Shireen Abu Akleh ဟာ Jenin မြို့မှာ သတင်းယူနေစဉ် မီဒီယာသမားအဖြစ် အထင်အရှား ဝတ်စားထားလျက်နဲ့ ပစ်ခတ်ခံခဲ့ရတာလို့လည်း ဆိုပါတယ်။

သတင်းထောက် သေဆုံးတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့ သတ်ဖြတ်မှုအတွက် အပြင်းအထန် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ပြောခဲ့တာပါ။ ပစ်ခတ်မှုကို စနစ်တကျ အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

Al Jazeera သတင်းထောက် သေဆုံးမှုဟာ ကမ္ဘာတလွှားက သတင်းမီဒီယာအပေါ် တိုက်ခိုက်မှုဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလည်း သတင်းထောက် သေဆုံးမှုအတွက် တုန်လှုပ်မိကြောင်း Twitter ကနေ ပြောခဲ့ပါတယ်။

သတ်ဖြတ်မှုကို ပွင့်လင်းမြင်သာမှုရှိရှိ သီးခြားလွတ်လပ်စွာ စုံစမ်းဖော်ထုတ်ဖို့နဲ့ ကျုးလွန်သူတွေ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေတာတွေ အဆုံးသတ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ညွှန်ကြားရေးမှူးချုပ် Audrey Azoulay ကလည်း သတင်းထောက် အသတ်ခံရမှုကို စုံစမ်းဖော်ထုတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ Al Jazeera သတင်းဌာနတို့ကတော့ သတင်းထောက်ကို အစ္စရေးလ်တပ်ဖွဲ့တွေက သွေးအေးအေးနဲ့ ပြောင်ပြောင်တင်းတင်း သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

အစ္စရေးလ် ဝန်ကြီးချုပ် Naftali Bennett ကတော့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ရသေးခင် ပါလက်စတိုင်းသမ္မတက အခြေအမြစ်မရှိ စွပ်စွဲပြောဆိုနေကြောင်း တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG