သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို ထိုက်သင့်သလို တုံ့ပြန်မယ်လို့ အီရန်သမ္မတသတိပေး


အီရန်သမ္မတ Masoud Pezeshkian (ရှေ့--ဝဲ)၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ရှေ့-ယာ) နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု တို့ရဲ့ဆိုင်းဘုတ်ကို အီရန်နိုင်ငံ၊ တီဟီရန်လမ်းမတခုမှာတွေ့ရပုံ။ (အောက်တိုဘာ ၂၇၊ ၂၀၂၄)
အီရန်သမ္မတ Masoud Pezeshkian (ရှေ့--ဝဲ)၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ရှေ့-ယာ) နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု တို့ရဲ့ဆိုင်းဘုတ်ကို အီရန်နိုင်ငံ၊ တီဟီရန်လမ်းမတခုမှာတွေ့ရပုံ။ (အောက်တိုဘာ ၂၇၊ ၂၀၂၄)

အီရန်အနေနဲ့ အစ္စရေးတိုက်ခိုက်မှုကို နောက်မဆုတ်ဘဲ မြဲမြဲခိုင်ခိုင်ရင်ဆိုင်သွားမယ်လို့ အီရန်သမ္မတ Mosoud Pezeshkian က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အစ္စရေးလုပ်ရပ်ကို အထိုက်အလျှောက် တုံ့ပြန်မယ်လို့လည်း သူကပြောကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံမှာ အစောပိုင်းက ကိုးကားဖော်ပြခဲ့ပါတယ်။

အီရန်ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်မယ်ဆိုရင် ဂါဇာနဲ့လက်ဘနွန်က စစ်ပွဲရပ်သွားစေရမယ်လို့ အမေရိကန်က အီရန်ကိုကတိပေးခဲ့ပေမယ့် သူတို့ဘက်ကစကားမတည်ဘူးလို့လည်း အီရန်သမ္မတရဲ့ပြောဆိုချက်ကို အီရန်နိုင်ငံရုပ်သံကကိုးကားဖော်ပြခဲ့ပါတယ်။ အစ္စရေးဘက်က ရန်စမှုတွေနဲ့ ရာဇဝတ်မှုတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ တင်းမာမှုတွေတိုးလာမယ်လို့လည်း အီရန်သမ္မတက သတိပေးပါတယ်။

အီရန်ကို စနေနေ့ည တိုက်ခိုက်မှုတွေမှာ ရည်မှန်းချက်အောင်မြင်ခဲ့တယ်လို့ အစ္စရေးတာဝန်ရှိသူတွေက ပြောပါတယ်။“နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်အရ အီရန်နိုင်ငံထဲက ပစ်မှတ်တွေကို အတိအကျချိန်ရွယ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။”လို့ အစ္စရေးစစ်တပ်ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး Daniel Hagari က သတင်းထောက်တွေကို ပြောခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်အတွင်း အစ္စရေးကို တိုက်ခိုက်ရာမှာ အီရန်ကအသုံးပြုတဲ့ မစ်ဇိုင်းဒုံးထုတ်လုပ်တဲ့နေရာတွေ ပါတယ်လို့လည်းပြောပါတယ်။ တချိန်တည်းမှာပဲ မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံးတွေကိုတိုက်ခိုက်ခဲ့ပြီး အီရန်ရဲ့ လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းကို လျှော့ချနိုင်ခဲ့တာကြောင့် အစ္စရေးအနေနဲ့ အခုအခါ လေကြောင်း စစ်ဆင်ရေးတွေလွတ်လွတ်လပ်လပ် ပိုလုပ်နိုင်ပြီလို့လည်း ပြောပါတယ်။

အီရန်နိုင်ငံပိုင် IRNA သတင်းဌာနကတော့ Tehran မြို့တော်နဲ့ နိုင်ငံအနောက်ပိုင်း Khuzestan နဲ့ Ilam ပြည်နယ်တွေကစစ်စခန်းတွေကို အစ္စရေးကတိုက်ခိုက်ခဲ့ကြောင်း လေကြောင်းရန် ကာကွယ်ရေးဌာနကို ကိုးကားပြီး ဖော်ပြခဲ့တာပါ။

အစ္စရေးကို ထိုက်သင့်သလို တုံ့ပြန်မယ်လို့ အီရန်သမ္မတသတိပေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG