သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစၥေရးလ္သမၼတ UAE ေရာက္ရွိ


အစၥေရးလ္သမၼတ Isaac Herzog. (ဇူလုိင္ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု (UAE) ကို အစၥေရးလ္သမၼတ Isaac Herzog တနဂၤေႏြေန႔က အလည္အပတ္ ေရာက္ရွိပါတယ္။ အီရန္ ႏ်ဴကလီးယား သေဘာတူစာခ်ဳပ္ ျပန္လည္အသက္သြင္းဖို႔ ကမၻာ့အင္အားႀကီးႏုိုင္ငံေတြ ႀကိဳးပမ္းေနတာနဲ႔အမွ် ပင္လယ္ေကြ႔ေဒသတြင္း တင္းမာမႈေတြ တိုးလာေနခ်ိန္မွာပဲ ေဒသတြင္း ႏုိင္ငံေတြၾကား ဆက္ဆံေရးခိုင္မာေအာင္ အစၥေရးလ္သမၼတ ခုလို ပထမဆုံး အလည္အပတ္ ေရာက္လာတာျဖစ္ေၾကာင္း သမၼတ႐ုံးက ေျပာပါတယ္။

အေမရိကန္ရဲ႕ အားထုတ္မႈနဲ႔ ၂၀၂၀ ခုႏွစ္က "Abraham Accords” ၿငိမ္းခ်မ္းေရးစာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ UAE၊ ဘာရိန္းနဲ႔ အစၥေရးလ္တို႔က အီရန္နဲ႔ မဟာမိတ္တို႔ရဲ႕ ေဒသတြင္း စစ္ေရးအင္အားေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္မႈ ရွိေနၾကတာပါ။

ေဆာ္ဒီအာေရဗ်ႏုိင္ငံအေပၚ ေလယာဥ္ျဖတ္ပ်ံသန္းခဲ့တဲ့ အခ်ိန္ဟာ သိပ္ကို စိတ္လႈပ္ရွားစရာေကာင္းတဲ့ အခါသမယ ျဖစ္တယ္လို႔လည္း အစၥေရးလ္သမၼတ Herzog က ေျပာပါတယ္။ ေဆာ္ဒီအာေရဗ်အစိုးရနဲ႔ အစၥေရးလ္တို႔ၾကား သံတမန္ဆက္ဆံေရး မရွိေပမယ့္ အစၥလာမ္ဘာသာဝင္ေတြ အထြတ္အျမတ္ထားရာေနရာ ၂ ခုရွိတဲ့ ေဆာ္ဒီႏုိင္ငံနဲ႔ ဆက္ဆံေရးတည္ေဆာက္ဖို႔ ဆႏၵရွိေၾကာင္း အစၥေရးလ္က ေျပာပါတယ္။

သမၼတ Herzog ကို ႏိုင္ငံျခားေရးဝန္ႀကီး Sheikh Abdullah bin Zayed Al Nahyan က အဘူဒါဘီေလဆိပ္မွာ လာေရာက္ႀကိိဳဆိုပါတယ္။ အစၥေရးလ္ဝန္ႀကီးခ်ဳပ္ Naftali Bennett ကလည္း UAE ကို ဒီဇင္ဘာလတုန္းက အလည္အပတ္ လာေရာက္ခဲ့ပါေသးတယ္။

အိမ္ေရွ႕စံမင္းသား Sheikh Mohammed bin Zayed ရဲ႕ ဖိတ္ၾကားမႈနဲ႔ လာေရာက္တဲ့ အစၥေရးလ္သမၼတ Herzog က UAE ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆုံဖို႔ ရွိတယ္လို႔လည္း ေျပာပါတယ္။

အစၥေရးလ္သမၼတ UAE ေရာက္ရွိ
please wait

No media source currently available

0:00 0:01:17 0:00
တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အစ္စရေးလ်သမ္မတ UAE ရောက်ရှိ

အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကို အစ္စရေးလ်သမ္မတ Isaac Herzog တနင်္ဂနွေနေ့က အလည်အပတ် ရောက်ရှိပါတယ်။ အီရန် နျူကလီးယား သဘောတူစာချုပ် ပြန်လည်အသက်သွင်းဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ကြိုးပမ်းနေတာနဲ့အမျှ ပင်လယ်ကွေ့ဒေသတွင်း တင်းမာမှုတွေ တိုးလာနေချိန်မှာပဲ ဒေသတွင်း နိုင်ငံတွေကြား ဆက်ဆံရေးခိုင်မာအောင် အစ္စရေးလ်သမ္မတ ခုလို ပထမဆုံး အလည်အပတ် ရောက်လာတာဖြစ်ကြောင်း သမ္မတရုံးက ပြောပါတယ်။

အမေရိကန်ရဲ့ အားထုတ်မှုနဲ့ ၂၀၂၀ ခုနှစ်က "Abraham Accords” ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ UAE၊ ဘာရိန်းနဲ့ အစ္စရေးလ်တို့က အီရန်နဲ့ မဟာမိတ်တို့ရဲ့ ဒေသတွင်း စစ်ရေးအင်အားတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှု ရှိနေကြတာပါ။

ဆော်ဒီအာရေဗျနိုင်ငံအပေါ် လေယာဉ်ဖြတ်ပျံသန်းခဲ့တဲ့ အချိန်ဟာ သိပ်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခါသမယ ဖြစ်တယ်လို့လည်း အစ္စရေးလ်သမ္မတ Herzog က ပြောပါတယ်။ ဆော်ဒီအာရေဗျအစိုးရနဲ့ အစ္စရေးလ်တို့ကြား သံတမန်ဆက်ဆံရေး မရှိပေမယ့် အစ္စလာမ်ဘာသာဝင်တွေ အထွတ်အမြတ်ထားရာနေရာ ၂ ခုရှိတဲ့ ဆော်ဒီနိုင်ငံနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ဆန္ဒရှိကြောင်း အစ္စရေးလ်က ပြောပါတယ်။

သမ္မတ Herzog ကို နိုင်ငံခြားရေးဝန်ကြီး Sheikh Abdullah bin Zayed Al Nahyan က အဘူဒါဘီလေဆိပ်မှာ လာရောက်ကြိုဆိုပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် Naftali Bennett ကလည်း UAE ကို ဒီဇင်ဘာလတုန်းက အလည်အပတ် လာရောက်ခဲ့ပါသေးတယ်။

အိမ်ရှေ့စံမင်းသား Sheikh Mohammed bin Zayed ရဲ့ ဖိတ်ကြားမှုနဲ့ လာရောက်တဲ့ အစ္စရေးလ်သမ္မတ Herzog က UAE ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG