သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဂ်႐ုဆလင္မွာ ကန္ေကာင္စစ္ဝန္႐ုံးထားေရး အစၥေရးဝန္ႀကီးခ်ဳပ္ ပယ္ခ်


အစၥေရးဝန္ႀကီးခ်ဳပ္ Naftali Bennett. (ႏုိဝင္ဘာ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ေဂ်႐ုဆလင္ၿမိဳ႕မွာ ပါလက္စတိုင္းေတြအတြက္ ေကာင္စစ္ဝန္႐ုံး ျပန္လည္ဖြင့္လွစ္ေရး အေမရိကန္ ကတိကဝတ္ျပဳမႈကို အစၥေရးဝန္ႀကီးခ်ဳပ္ Naftali Bennett က ျငင္းဆိုလိုက္ပါတယ္။

ထရန္႔အစိုးရလက္ထက္က ပိတ္ထားခဲ့တဲ့ ေဂ်႐ုဆလင္က ပါလက္စတိုင္းဆိုင္ရာ အေမရိကန္ ေကာင္စစ္ဝန္႐ုံးကို ျပန္လည္ဖြင့္လွစ္ဖို႔ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken က ကတိျပဳခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတခုမွာေတာ့ အစၥေရးဝန္ႀကိီးခ်ဳပ္ Bennett က ေဂ်႐ုဆလင္မွာ အေမရိကန္ ေကာင္စစ္ဝန္႐ုံးအတြက္ ေနရာမရွိပါဘူးလို႔ ထပ္ေလာင္း ေျပာဆိုခဲ့ပါတယ္။

အစၥေရး ႏုိင္ငံျခားေရးဝန္ႀကီး Yair Lapid ကေတာ့ ေကာင္စစ္ဝန္႐ုံးကို ေဂ်႐ုဆလင္မွာ ဖြင့္မယ့္အစား ပါလက္စတုိင္း အုပ္ခ်ဳပ္ေရး အခ်က္အခ်ာေတြျဖစ္တဲ့ ရမ္မလာတို႔ အေနာက္ဘက္ကမ္းတို႔မွာ ဖြင့္လွစ္သင့္တယ္လို႔ အႀကံျပဳထားပါတယ္။

ပါလက္စတိုင္းေတြကေတာ့ သူတို႔ရဲ႕ ေဂ်႐ုဆလင္ ျပန္လည္ရရွိေရးကို အားေပ်ာ့ေစတဲ့အတြက္ေၾကာင့္ ဒီအႀကံေပးခ်က္ကို ျငင္းဆိုပါတယ္။

အစၥေရးကေတာ့ ေဂ်႐ုဆလင္ဟာ သူတို႔ဆီက ထာဝရခြဲထုတ္လို႔မရတဲ့ ၿမိဳ႕ေတာ္ႀကီးအျဖစ္ ႐ႈျမင္ၾကပါတယ္။

ပါလက္စတိုင္းေတြကေတာ့ ၿမိဳ႕ေတာ္ရဲ႕ အေရွ႕ဘက္ပိုင္းကို သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ၿမိဳ႕ေတာ္အျဖစ္ ႀကိဳးပမ္းေနတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဂျေရုဆလင်မှာ ကန်ကောင်စစ်ဝန်ရုံးထားရေး အစ္စရေးဝန်ကြီးချုပ် ပယ်ချ

ဂျေရုဆလင်မြို့မှာ ပါလက်စတိုင်းတွေအတွက် ကောင်စစ်ဝန်ရုံး ပြန်လည်ဖွင့်လှစ်ရေး အမေရိကန် ကတိကဝတ်ပြုမှုကို အစ္စရေးဝန်ကြီးချုပ် Naftali Bennett က ငြင်းဆိုလိုက်ပါတယ်။

ထရန့်အစိုးရလက်ထက်က ပိတ်ထားခဲ့တဲ့ ဂျေရုဆလင်က ပါလက်စတိုင်းဆိုင်ရာ အမေရိကန် ကောင်စစ်ဝန်ရုံးကို ပြန်လည်ဖွင့်လှစ်ဖို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကတိပြုခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာတော့ အစ္စရေးဝန်ကြီးချုပ် Bennett က ဂျေရုဆလင်မှာ အမေရိကန် ကောင်စစ်ဝန်ရုံးအတွက် နေရာမရှိပါဘူးလို့ ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Yair Lapid ကတော့ ကောင်စစ်ဝန်ရုံးကို ဂျေရုဆလင်မှာ ဖွင့်မယ့်အစား ပါလက်စတိုင်း အုပ်ချုပ်ရေး အချက်အချာတွေဖြစ်တဲ့ ရမ်မလာတို့ အနောက်ဘက်ကမ်းတို့မှာ ဖွင့်လှစ်သင့်တယ်လို့ အကြံပြုထားပါတယ်။

ပါလက်စတိုင်းတွေကတော့ သူတို့ရဲ့ ဂျေရုဆလင် ပြန်လည်ရရှိရေးကို အားပျော့စေတဲ့အတွက်ကြောင့် ဒီအကြံပေးချက်ကို ငြင်းဆိုပါတယ်။

အစ္စရေးကတော့ ဂျေရုဆလင်ဟာ သူတို့ဆီက ထာဝရခွဲထုတ်လို့မရတဲ့ မြို့တော်ကြီးအဖြစ် ရှုမြင်ကြပါတယ်။

ပါလက်စတိုင်းတွေကတော့ မြို့တော်ရဲ့ အရှေ့ဘက်ပိုင်းကို သူတို့ရဲ့ မျှော်လင့်ချက်မြို့တော်အဖြစ် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG