သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးသံအမတ် တူရကီနှင်ထုတ်


အစ္စရေးသံအမတ် တူရကီနှင်ထုတ်
အစ္စရေးသံအမတ် တူရကီနှင်ထုတ်

ဂါဇာကမ်းမြှောင်ဒေသကို ဦးတည်ခုတ်မောင်းခဲ့တဲ့ သင်္ဘောအုပ်စုတစုကို စီးနင်းတိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာ အသေးစိတ် ထွက်ပေါ်လာပြီးတဲ့နောက် တူရကီအစိုးရက သူ့နိုင်ငံမှာရှိတဲ့ အစ္စရေးသံအမတ်ကြီးကို နှင်ထုတ်လိုက်သလို နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ သဘောတူညီချက်တွေကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။

အစ္စရေးနိုင်ငံနဲ့ သံတမန်ဆက်သွယ်မှုမှာလည်း အဆင့်နှိမ့်လိုက်ပြီး ဒုတိယအတွင်းဝန်အဆင့်ပဲ ထားရှိတဲ့အကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Ahmet Davutoglu က ဒီကနေ့မှာပဲ ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း စီးနင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို အချိန်အတော်ကြာ စောင့်ဆိုင်းနေရချိန်မှာပဲ ပြင်ပမှာပေါက်ကြားပြီး The New York Times သတင်းစာက ရေးသားလိုက်တဲ့ နောက်တနေ့မှာပဲ အခုလို တူရကီနိုင်ငံဘက်က တုံ့ပြန်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သတင်းစာက ဖော်ပြထားတဲ့ အစီရင်ခံစာထဲမှာတော့ ဂါဇာကမ်းမြှောင်ဒေသမှာ အစ္စရေးရဲ့ တားဆီး ပိတ်ဆို့မှုတွေဟာ ဥပဒေနဲ့ညီပေမဲ့ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ တူရကီသင်္ဘောတွေကို ဟန့်တားရာမှာ အစ္စရေးအစိုးရက အလွန်အကျွံ အဆင်အခြင်မဲ့ လုပ်ဆောင်ခဲ့တယ်လို့ သုံးသပ်ထားတာပါ။

အစ္စရေးလ်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးမှုတွေ ဖြစ်ရတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း အစီရင်ခံစာက ဝေဖန်ထားပါတယ်။ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခံထားရပြီး တချို့ဟာဆိုရင် အနီးကပ်နဲ့ နောက်ကျောက ပစ်ခတ်တာတွေ ခံခဲ့ရသူ အများစုပါဝင်တဲ့ တူရကီနိုင်ငံသား ၉ ယောက် သေဆုံးမှုအပေါ် အစ္စရေးနိုင်ငံဘက်က ကျေနပ်လောက်အောင် ရှင်းမပြနိုင်ဘူးလို့လည်း ဖော်ပြခဲ့တာပါ။

တချိန်တည်းမှာပဲ တူရကီသင်္ဘောပေါ်မှာ လိုက်ပါလာသူတွေထဲက တချို့ဟာ အကြီးအကျယ် စနစ်တကျစီစဉ်ပြီး ကြမ်းကြမ်းတမ်းတမ်း ခုခံမှုတွေ လုပ်ခဲ့တာကို တုံ့ပြန်ဖို့ အစ္စရေးလ် ကွန်မန်ဒို အထူးတပ်တွေဘက်က သူတို့ကိုယ်သူတို့ ကာကွယ်နိုင်အောင်လည်း အင်အားသုံးခဲ့တာကို တွေ့ရတဲ့အကြောင်း အစီရင်ခံစာက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG