သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ပါလက်စတိုင်း တင်းမာမှုအခြေအနေ ကုလစိုးရိမ်


ိပါလက်စတိုင်းတွေရဲ့ မီးလောင်စေတဲ့စွန်တွေကြောင့် လောင်ကျွမ်းသွားတဲ့ နေရာတွေမှာ မီးငြိမ်းသတ်နေတဲ့ အစ္စရေးလ် မီးသတ်သမားများ။ (ဇူလိုင် ၂၀၊၂၀၁၈)
ိပါလက်စတိုင်းတွေရဲ့ မီးလောင်စေတဲ့စွန်တွေကြောင့် လောင်ကျွမ်းသွားတဲ့ နေရာတွေမှာ မီးငြိမ်းသတ်နေတဲ့ အစ္စရေးလ် မီးသတ်သမားများ။ (ဇူလိုင် ၂၀၊၂၀၁၈)

ဂါဇာကမ်းမြောင်နဲ့ အစ္စရေးလ်တောင်ပိုင်းမှာ အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ် “အထူးစိုးရိမ်” တဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

“ဒုံးကျည်တွေပစ်ခတ်တာနဲ့ မီးလောင်စေတဲ့ စွန်တွေကို လွှတ်တင်တာ၊ ခြံစည်းရိုး တလျှောက်မှာ ရန်စလုပ်ဆောင်တာမျိုးတွေကို ရပ်ဆိုင်းဖို့ ဟားမာ့စ်နဲ့ တခြား ပါလက်စတိုင်း လက်နက်ကိုင်တွေကို ကျနော်တောင်းဆိုပါတယ်။ အခြေအနေကို နောက်ထပ် မီးထိုး တာမျိုး ရှောင်ရှားဖို့အတွက် အစ္စရေးလ်အနေနဲ့ ထိန်းသိမ်း လုပ်ဆောင်ရပါမယ်” လို့ အတွင်းရေးမှူးချုပ်က စနေနေ့မှာ ပြောပါတယ်။

နောက်ထပ် တင်းမာမှုတွေ တိုးလာမယ်ဆိုရင် အသက်အန္တရာယ်တွေကို ထိခိုက်စေမယ်၊ ဂါဇာမှာ “လူသားကပ်ဘေးကြီး” ပိုဆိုးလာစေမယ်၊ ဂါဇာကို ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ပြန်သွားနိုင်ရေး ထောက်ခံမှုကို ထိခိုက်စေမယ်” လို့ မစ္စတာ Guterres ကပြောပါတယ်။

ဟားမာ့စ်လက်နက်ကိုင်အဖွဲ့က သူတို့နဲ့ အစ္စရေးလ်အကြား အပစ်အခတ်ရပ်စဲရေး ဖြစ်အောင် နိုင်ငံတကာ ကြားဝင်စေ့စပ်သူတွေ က လုပ်ဆောင်ပေးလိုက်ပြီလို့ ကြေညာအပြီး နာရီပိုင်းအတွင်းမှာပဲ မစ္စတာ Guterres ရဲ့ထုတ်ပြန်ချက် ထွက်လာ တာပါ။

အီဂျစ်နဲ့ ကုလသမဂ္ဂတို့ရဲ့ ကြိုးပမ်းမှုနဲ့ အစ္စရေးလ်နဲ့ ပါလက်စတိုင်းအဖွဲ့တွေ အကြား အရင်ရထားတဲ့ အပစ်ရပ်စဲရေး ပြန်တည်ပြီလို့ ဟားမာ့စ်အဖွဲ့ပြောခွင့်ရ Fawzi Barhoum ကပြောပါတယ်။ ဒါပေမဲ့ အစ္စရေးဘ်ကတော့ အပစ်ရပ်တယ် ဆိုတာကို အတည်မပြုပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG