သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Istanbul အသေခံဗုံးခွဲမှုမျိုး အမေရိကန်မှာလည်း ဖြစ်နိုင် CIA သတိပေး


တူရကီနိုင်ငံ Istanbul မြို့ လေဆိပ်မှာ လူ ၃ ဦးက အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ လုပ်နည်း လုပ်ဟန်နဲ့ တူနေကြောင်းနဲ့ အလားတူ တိုက်ခိုက်မှုမျိုး အမေရိကန်ပြည်ထောင်စု အတွင်းမှာလည်း ပြုလုပ်နိုင်ကြောင်း CIA ဗဟိုထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲ John Brennan က သတိပေးလိုက်ပါတယ်။

တူရကီလေဆိပ်က ပေါက်ကွဲမှုတွေကို ကြည့်ရင် သူတို့ဟာ ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ အင်္ကျီတွေကို အသုံးပြုခဲ့တယ်ဆိုတာ တွေ့ရှိရမှာဖြစ်ပြီး အဲဒီအင်္ကျီတွေကို ပြုလုပ်ဖို့ သိပ်မခက်ခဲဘူးလို့ Brennan က Yahoo သတင်းဌာနကို ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

IS အဖွဲ့ရဲ့ လုပ်နိုင်စွမ်းနဲ့ လူတွေ အတတ်နိုင်ဆုံး အများဆုံး သေကြေအောင် ပြည်ပနိုင်ငံတွေမှာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ထောက်လှမ်းရေးလုပ်ငန်း လုပ်ဆောင်နေသူတဦးရဲ့ ရှုဒေါင့်ကကြည့်ပြီး စိုးရိမ်ပူပန်နေခြင်းဖြစ်ကြောင်း Brennan က ပြောပါတယ်။

Istanbul မြို့က Ataturk လေဆိပ်မှာ အင်္ဂါနေ့နှောင်းပိုင်းက ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်သူက တာဝန်ယူ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ကြေညာခြင်း မရှိသေးပေမဲ့ တူရကီအစိုးရကတော့ ဒါဟာ IS အဖွဲ့ရဲ့ လက်ချက်လို့ အပြစ်တင်လိုက်ပါတယ်။

တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၁ ဦး သေဆုံးပြီး ၂၃၉ ဦး ထိခိုက် ဒဏ်ရာရသွားခဲ့တာပါ။

Istanbul အသေခံဗုံးခွဲမှုမျိုး အမေရိကန်မှာလည်း ဖြစ်နိုင် CIA သတိပေး
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG