သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ပညာရေး နိုင်ငံတကာ အဆင့်မီဖို့ စတင်


မြန်မာ့ပညာရေးနိုင်ငံတကာအဆင့်မီဖို့ အမေရိကန်နိုင်ငံ ပညာရေးအဖွဲ့အစည်းတွေရဲ့ ကနဦး ခြေလှမ်းစတင်လိုက်ပါပြီ။

၂၀၁၂ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ပညာရေး ပူးပေါင်းဆောင်ရွက်မှု (IAPP) အစီအစဉ်မှာ ပါဝင်ဖို့ နိုင်ငံတကာ ပညာရေးအဖွဲ့အစည်း Institue of International Education (IIE) က ဝါရှင်တန် ဒီစီ က American University အပါအဝင် စုစုပေါင်းတက္ကသိုလ် ၉ ခုကို ရွေးချယ်လိုက်ပါ တယ်။ မြန် မာနိုင်ငံရဲ့အဆင့်မြင့် ပညာရေးစွမ်းဆောင်ရည် မြှင့်တင်ရေး အတွက် မြန်မာ တက္ကသိုလ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ စီမံကိန်းလုပ်ငန်းအတွက် မြန်မာနိုင်ငံနဲ့ လက်တွဲဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေပေါ် အခြေခံပြီး ဒီတက္ကသိုလ် ၉ ခုကို ရွေးချယ်ခဲ့တာပါ။

အဲဒီတက္ကသိုလ်တွေမှာ Arizona State တက္ကသိုလ်၊ မြောက်ပိုင်း Arizona တက္ကသိုလ်၊ Ball State တက္ကသိုလ်၊ Hawii Pacific ၊ မြောက်ပိုင်း အီလီနွိုင်းတက္ကသိုလ်၊ Standford တက္ကသိုလ်၊ Massachusett ဥပဒေဆိုင်ရာ တက္ကသိုလ်နဲ့ Washington တက္ကသိုလ်တွေ ပါဝင်ပါတယ်။ မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး မြှင့်တင် ဆောင်ရွက်ရေးမှာ အရင်ကတည်းက အမေရိကန်တက္ကသိုလ်နဲ့ အထူး ဆက်သွယ်ဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ အမေရိကန်တက္ကသိုလ် ASEAN study center ညွှန်ကြားရေးမှူးနဲ့ နိုင်ငံတကာဌာန ပါမောက္ခ ဒေါက်တာ Pek Koon Heng က ပြောဆိုပါတယ်။

ဒေါက်တာ Pek Koon Heng ဟာ IAPP မြန်မာအစီအစဉ်အတွက် ပညာရေးအဖွဲ့အစည်းကြီးတွေရဲ့ ကိုယ်စားလှယ် တဦးအဖြစ် ဆောင်ရွက်မှာလည်း ဖြစ်ပါတယ်။ ခုလို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အစဉ်အလာတွေကြောင့်လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် Nobel ငြိမ်းချမ်းရေးဆု ရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆယ်စုနှစ် နှစ်စုနီးပါးကြာ နေအိမ်အကျယ်ချုပ်က လွတ်ပြီး တဲ့နောက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလက အမေရိကန်တက္ကသိုလ်မှာ အမေရိကန်ရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သူက ပြောပြပါတယ်။

အမေရိကန်နိုင်ငံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှုရှိတဲ့နိုင်ငံမှာ ကဏ္ဏပေါင်းစုံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ခုလို ပူးပေါင်းဆောင်ရွက်မှုတွေမှာ သူတို့ရဲ့ ပါဝင်ပတ်သက်မှု ရှိတယ်လို့ အုပ်ချုပ်ရေးဆိုင်ရာ လက်ထောက်အကြီးအကဲ Violetta Ettle ကပြောဆိုပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုကို တက္ကသိုလ်ပညာရေးကဏ္ဏ ဦးဆောင်မှုအပိုင်းကနေ လုပ်မှာ ဖြစ်တယ်လို့ ပညာရေး ပူးပေါင်းမှု မဟာဗျူဟာအပိုင်းကို ဦးဆောင်မယ့် Violetta Ettle ကပြောဆိုပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်မယ့် တက္ကသိုလ်တိုင်းဟာ ဦးဆောင် ကော်မီတီတွေဖွဲပြီး အဲဒီကော်မီတီက မဟာဗျူဟာကျတဲ့ အစီအစဉ် ရေးဆွဲရမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ အဓိကအချက် ၅ ချက်ပါဝင်တယ်လို့လည်း သူက ပြောဆိုပါတယ်။
XS
SM
MD
LG