သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီရောက် မြန်မာတွေရဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု


စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်တာဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်တာနဲ့ အတူတူပဲမို့ စစ်ကောင်စီကို နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလာအောင် အီတလီရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက အဓိက ကြိုးပမ်းနေ

အာဏာသိမ်း စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်တာဟာ မြန်မာပြည်သူတွေကို သတ်ဖြတ်တာနဲ့ အတူတူပဲမို့ စစ်ကောင်စီကို နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလာအောင် အီတလီရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက အဓိက ကြိုးပမ်းနေတယ်လို့ အီတလီနိုင်ငံ Bergamo မြို့က မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုနိုင်လင်းအောင်က ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုမှာ အီတလီ လွှတ်တော်အမတ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေလည်း ပူးပေါင်းပါဝင်ကြတယ်လို့လည်း သူက ပြောပါတယ်။ အီတလီအခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုနိုင်လင်းအောင်ကို မဆုမွန်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

==== Unicode =====



XS
SM
MD
LG