သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက် စစ်ဆင်ရေး သယ်/ပို့လေယာဉ် Ivory Coast မှာပျက်ကျ


 Ivory Coast နိုင်ငံ Abidjan မြို့
Ivory Coast နိုင်ငံ Abidjan မြို့

Ivory Coast ကမ်းလွန်ပင်လယ်မှာ ကုန်တင်လေယာဉ်တစင်း စနေနေ့က ပျက်ကျ တာကြောင့် Moldova နိုင်ငံသားလေးဦး သေဆုံးသွားတယ်လို့ Ivory Coast လုံခြုံရေး ဝန်ကြီးက ပြောပါတယ်။

ပြင်သစ်နိုင်ငံသားလေးဦး အပါအဝင် နောက်ထပ် လူခြောက်ဦး ဒဏ်ရာရသွားတာမှာ သုံးဦးဟာ ပြင်သစ်စစ်သားတွေ ဖြစ်တယ်လို့ လဲ ဝန်ကြီး Sidiki Diakite က သတင်းထောက်တွေကို ပြောပါတယ်။

အာဖရိကတိုက်၊ Sehel ဒေသမှာ ဂျီဟတ်ဒ် အစွန်းရောက်ဝါဒီတွေကို နှိမ်နင်းတဲ့ Barkhane စစ်ဆင်ရေးမှာ ပြင်သစ်စစ်တပ်အတွက် သယ်ယူပို့ဆောင် ပေးနေတဲ့ လေယာဉ် ဖြစ်တယ်လို့ ပြင်သစ်စစ်ဘက် သတင်းရင်းမြစ်တခုကပြောပါတယ်။

လေယာဉ်ဟာ ပြင်သစ်စစ်ဘက်အတွက် ကုန်ပစ္စည်းတွေကို တင်ဆောင်သွားတယ်လို့ ပြင်သစ် လုပ်ထုံးသတ်မှတ်ချက်အရ ဒုဗိုလ် Villain လို့ပဲ သူ့ကိုယ်သူဖော်ပြပြောဆိုတဲ့ Ivory Coast က ပြင်သစ်တပ်ဖွဲ့တွေရဲ့ ပြောခွင့်ရတဦးကပြောပါတယ်။

လေယာဉ်ပေါ်မှာ လူ ၁၀ ဦးပါသွားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ပြင်းထန်တဲ့ မုန်တိုင်းတခု တိုက်နေချိန်အတွင်း Abidjan မြို့ က အပြည်ပြည်ဆိုင်ရာ လေဆိပ်နား ပင်လယ်ထဲမှာ လေယာဉ်ပျက်ကျသွားတာပါ။ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်းကို မသိ ရသေးသလို ရာသီဥတုကြောင့် ဖြစ်တာလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။

လေယာဉ်ဟာ မဆင်းသက်နိုင်ဘဲ ပင်လယ်ထဲ ပျက်ကျသွားတာလို့ ရဲတပ်ဖွဲ့ ကော်မရှင်နာ မင်းကြီး Charlemagne Bleu က ပြောပါတယ်။

အစွန်းရောက် စစ်ဆင်ရေး သယ်/ပို့လေယာဉ် Ivory Coast မှာပျက်ကျ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG