သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်လည်ထူထောင်ရေး ဂျပန်လွှတ်တော် ဒေါ်လာ ၄၉ ဘီလီယံ သုံးမည်


ပြန်လည်ထူထောင်ရေး ဂျပန်လွှတ်တော် ဒေါ်လာ ၄၉ ဘီလီယံ သုံးမည်
ပြန်လည်ထူထောင်ရေး ဂျပန်လွှတ်တော် ဒေါ်လာ ၄၉ ဘီလီယံ သုံးမည်

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည် တည်ဆောက်ရေးအတွက် အရေးပေါ် ဘဏ္ဍာ ဒေါ်လာ ၄၉ ဘီလီယံ သုံးစွဲဖို့ ဂျပန်လွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။

အခြေခံ အဆေက်အအုံတွေ ပြန်လည်တည်ဆောက်ရေး၊ ဒုက္ခသည်တွေအတွက် ယာယီနေအိမ်တွေ ဆောက်လုပ်ရေးနဲ့ အပျက်အစီးတွေကို ရှင်းလင်းရေးအတွက် ဘဏ္ဍာငွေကို သုံးစွဲမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား ဓာတ်အားပေးစက်ရုံထဲက ဓာတ်ပေါင်းဖိုအမှတ် ၁ ထားရာ အဆောက်အဦးထဲကို ၂ လနီးပါး အတွင်းမှာ ပထမဆုံးအကြိမ် အလုပ်သမားတွေ လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ စက်ရုံ လည်ပတ်နေသူတွေက ပြောပါတယ်။

အဆောက်အဦးထဲမှာ အအေးပေးစနစ်နဲ့ ရေအမှတ်ထိန်း ကိရိယာသစ်တွေ တပ်ဆင်ဖို့ လိုအပ်တဲ့အတွက် အလုပ်သမားတွေကို လွှတ်ရမှာလို့ တိုကျို အီလက်ထရစ် ဓာတ်အားပေး ကုမ္ပဏီက ပြောပါတယ်။

အင်အားပြင်း ငလျင်ကြီးနဲ့ ဆူနာမီ ဒီလှိုင်းကြီးတွေရဲ့ ဒဏ်ကြောင့် စက်ရုံထဲက ဓာတ်ပေါင်းဖို ၆ ခုလုံးမှာ အအေးပေးစနစ် ထိခိုက်ပျက်စီးသွားခဲ့ပြီး မတ်လ ၁၂ ရက်နေ့က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ကတည်းက ဓာတ်ပေါင်းဖို အမှတ် ၁ ထဲကို ဘယ်သူမှ မသွားကြတာ ဖြစ်ပါတယ်။

ဓာတ်ရောင်ခြည် ပမာဏ ဘယ်လောက်ရှိနေသလဲ ဆိုတာ တိုင်းတာတဲ့ စက်ရုပ်တွေ အဆောက်အဦးထဲမှာ ရှိနေပြီးသား ဖြစ်တယ်လို့ ဓာတ်အားပေး ကုမ္ပဏီက ပြောပါတယ်။ နောက်တဆင့်က အထဲက ဓာတ်ရောင်ခြည် ပမာဏကို ၉၅% လောက်အထိ လျှော့ချနိုင်မယ့် လေသန့်စင်ရေးစနစ်ကို တပ်ဆင်ပြီးရင် အလုပ်သမားတွေ အဆောက်အဦးထဲ ဝင်နိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

XS
SM
MD
LG