ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန်စစ်တပ် ထိပ်တန်းခေါင်းဆောင်ဟာ ဒီကနေ့မှာတော့ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ကာကွယ်ရေး အပါအဝင် ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လာနေတဲ့ ဂျပန်နိုင်ငံက စစ်တပ် ထိပ်တန်းခေါင်းဆောင်တဦးရဲ့ ခရီးစဉ်ဟာ ဒေသတွင်း သံတမန် ဆက်ဆံရေးအတွက် အရေးကြီးတယ်လို့လည်း အကဲခတ်တွေကတော့ ယူဆနေကြတာပါ။ ဂျပန်-မြန်မာ ဆက်ဆံရေး အခြေအနေတွေကိုတော့ မဆုမွန်က တင်ပြထားပါတယ်။
ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ဦးစီးချုပ် Shigeru Iwasaki ဟာ မြန်မာသမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရနဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံပြီး ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ၂ နိုင်ငံ စစ်တပ်ကြား ဆက်ဆံရေးတွေ တိုးမြှင့်ဖို့၊ နည်းပညာ၊ အထောက်အပံ့နဲ့ ချေးငွေကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ မြန်မာသမ္မတရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။
ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဂျပန်စစ်တပ်က အဆင့်မြင့် ခေါင်းဆောင် တဦးရဲ့ သမိုင်းဝင် ခရီးစဉ်ဖြစ်တဲ့အတွက်လည်း အကဲခတ်တွေကတော့ ထူးခြားမှုအဖြစ်နဲ့ မြင်ကြပါတယ်။ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူထားတဲ့ အတွက်လည်း ပထဝီဝင်နိုင်ငံရေးအရ အရေးပါတယ်လို့ ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ်၊ မြန်မာစာဌာနက မြန်မာ-ဂျပန်အရေးလေ့လာသူ Hidehiko Sumitomo (ခ) ဦးမိုးမင်းက သုံးသပ်ပါတယ်။
ဝန်ကြီးချုပ် အာဘေးက သံတမန်ရေးနယ်ပယ်မှာ အာဆီယံနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးကို အလေးထားပြီးတော့ တိုးမြှင့်ဖို့ ကြိုးစားနေပါတယ်။ အဲဒီတစိတ်တပိုင်းလို့ ထင်ပါတယ်။ မြန်မာဆိုရင် အာဆီယံရဲ့ ဥက္ကဋ္ဌအဖြစ် သမ္မတဦးသိန်းစိန် တာဝန်ယူနေလို့ ကာကွယ်ရေး နယ်ပယ်မှာလည်း ဆက်ဆံရေး ပိုပြီးတော့ကောင်းအောင် နက်နက်ရှိုင်းရှိုင်း ဖြစ်သွားမှာက ဂျပန်အတွက် အကျိုးရှိမယ်လို့ ဂျပန်အစိုးရက စဉ်းစားနေတယ်လို့ ထင်ပါတယ်။
“အခုဂျပန်နဲ့ မြန်မာနဲ့ ဆက်ဆံရေးက အာဆီယံရဲ့ ဥက္ကဋ္ဌ ဦးသိန်းစိန်က အခု အာဆီယံနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ အခြေအနေကို ဘယ်လိုလုပ်ရင် ကောင်းသလဲဆိုတာ ကောင်းကောင်း စဉ်းစားနေတယ်မဟုတ်လား။ အဲဒါက အာဆီယံနဲ့ ဘယ်လိုခေါ်မလဲ ရပ်တည်ချက်နဲ့ ဂျပန်နဲ့ တရုတ်နဲ့ ပတ်သက်တဲ့ ရပ်တည်ချက် တူညီတဲ့အပိုင်းရှိတယ်။ ဂျပန်ဖက်ကဆိုရင် အဲဒီတရုတ်နဲ့ အာဆီယံ နိုင်ငံရေး ဆက်ဆံရေးကို ထည့်စဉ်းစားပြီးတော့ အခုမြန်မာနဲ့ ပတ်သက်လို့ ပိုပြီးတော့ ဆက်ဆံရေးကောင်းအောင်၊ ကျနော်တို့ ဂျပန်နိုင်ငံရဲ့ အကျိုးအမြတ် ပိုရှိမယ်လို့ စဉ်းစားပြီးတော့၊ ဂျပန်ရဲ့ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ တာဝန်ရှိတဲ့ အရာရှိက မြန်မာနိုင်ငံကို ရောက်ရှိနေပြီးတော့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အရာရှိတွေနဲ့ ဆက်ဆံရေး ပိုပြီးတော့တိုးအောင် ကြိုးစားနေတယ်လို့ ထင်ပါတယ်ခင်ဗျ။”
အထူးသဖြင့် ဒေသတွင်းမှာ သြဇာအရှိန်အဝါ ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံနဲ့ ရေပိုက်နက် အငြင်းပွားမှုအတွက် အချေအတင် ဖြစ်နေရတဲ့ ဂျပန်နိုင်ငံအနေနဲ့ ကျန်နိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ ကြိုးစားနေတာလည်း ဖြစ်တယ်လို့ ပြောပါတယ်။
“ဂျပန်နိုင်ငံ အနေနဲ့ဆိုရင် သမ္မတဦးသိန်းစိန်က အခုဆိုရင် အာဆီယံနဲ့ ပတ်သက်တဲ့ တရုတ်နဲ့ ပတ်သက်တဲ့ ဆက်ဆံရေးက နည်းနည်းတော့ အေးစက်စက် ဖြစ်နေတယ် မဟုတ်လား။ အေးစက်စက် ဖြစ်နေတဲ့ အခြေအနေကို တိုးတက်အောင် ကြိုးစားနေတဲ့ ဦးသိန်းစိန် အစိုးရကို ဂျပန်ဖက်ကလည်း ဘယ်လိုခေါ်မလဲ ထောက်ခံလိုစိတ် ရှိမယ်လို့ ထင်ပါတယ်။ အာဆီယံရဲ့ တရုတ်နဲ့ ဆက်ဆံရေး ဆိုတာက အခြေအနေ ကောင်းလာမယ်ဆိုရင် ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးမှာလည်း အကျိုးရှိမယ်လို့ ထင်ပါတယ်ခင်ဗျ။ အဲဒီလို စဉ်းစားနေတယ်လို့ ထင်ပါတယ်။”
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ကျူးကျော်ခဲ့ဖူးတဲ့ ဂျပန်နိုင်ငံအနေနဲ့ စစ်ပြီးဆုံးခဲ့တဲ့ ၁၉၄၅ ခုနှစ် နောက်ပိုင်း စစ်ဖက်ဆိုင်ရာ အဆက်အဆံတွေ မရှိခဲ့ပေမဲ့လည်း ဖွံ့ဖြိုးရေး အကူအညီတွေ အမြောက်အများ ပေးအပ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုအုံကြွမှုတွေကို စစ်တပ်က နှိမ်နင်းခဲ့ပြီး နောက်မှာတော့ ဂျပန်နိုင်ငံ ထောက်ပံ့ကူညီမှုတွေကိုလည်း လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့လည်း မကြာသေးခင်နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဆောင်လာရာက ထိတွေ့ဆက်ဆံမှုတွေကို ပြန်လည် တိုးမြှင့်လာရာမှာ နှစ်ပေါင်း ၃၅ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာလည်း ပြီးခဲ့တဲ့နှစ် မေလထဲက မြန်မာနိုင်ငံကို လာရောက်လာပတ်ခဲ့တာ ဖြစ်ပါတယ်။