သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားကျွန်းစု ဂျပန်နံမည်ပေးမှု တရုတ် ကန့်ကွက်


အငြင်းပွားကျွန်းစု ဂျပန်နံမည်ပေးမှု တရုတ် ကန့်ကွက်
အငြင်းပွားကျွန်းစု ဂျပန်နံမည်ပေးမှု တရုတ် ကန့်ကွက်

ဂျပန်နဲ့တရုတ် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်တယ်လို့ အငြင်းပွားနေကြတဲ့ ပစိဖိတ်ကျွန်းတချို့ကို ဂျပန်နိုင်ငံဘက်က နံမည်ပေးဖို့ စီစဉ်နေတဲ့အပေါ်မှာ တရုတ်နိုင်ငံဘက်က တရားဝင် ကန့်ကွက်လိုက်ပါတယ်။

တနင်္လာနေ့က တရုတ် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ရာမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ လျူဝေမင်း (Liu Weiman) က တရုတ်လို Diaoyu လို့ခေါ်ပြီး ဂျပန်လို Sankaku လို့ခေါ်တဲ့ တရုတ်ပင်လယ် အရှေ့ဘက်ကျွန်းတွေကို အငြင်းပွားစရာ မလိုဘဲ တရုတ်နိုင်ငံဘက်က ပိုင်ဆိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

သဘာဝဓာတ်ငွေ့ အကြီးအကျယ် ထုတ်လုပ်ပြီးတော့ ငါးဖမ်းလုပ်ငန်းတွေ ရှိနေတဲ့ ကျွန်းဆွယ် ၃၉ ခုအနက် တချို့ကို တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံစလုံးက ပိုင်ဆိုင်မှုအတွက် အငြင်းပွားနေကြပြီး ဒီလအစောပိုင်းမှာတော့ ဂျပန်နိုင်ငံဘက်က အဲဒီကျွန်းဆွယ် ၃၉ ခုကို နံမည်ပေးဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

ဒီကျွန်းဆွယ်တွေကို ဂျပန်နိုင်ငံရဲ့စီးပွားရေးဇုံ တစိတ်တပိုင်းအဖြစ်နဲ့ ဂျပန်နိုင်ငံဘက်က ပြောဆိုပြီးတော့ တရုတ်နိုင်ငံ ဘက်ကတော့ ဒီကျွန်းဆွယ်တွေဟာ သူတို့ရဲ့ဘိုးဘွားပိုင်တွေ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG