သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား စက်ရုံတွေ မပျက်စီးရေး ဂျပန် အပူတပြင်း ကြိုးပမ်း


နျူကလီးယား စက်ရုံတွေ မပျက်စီးရေး ဂျပန် အပူတပြင်း ကြိုးပမ်း
နျူကလီးယား စက်ရုံတွေ မပျက်စီးရေး ဂျပန် အပူတပြင်း ကြိုးပမ်း

မြေငလျင်ဒဏ် ခံထားရတဲ့ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းက ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံကြီး ပေါက်ကွဲသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် စက်ရုံထဲက ဓာတ်ပေါင်းဖို ၃ ခုကို အချိန်မီ ထိန်းချုပ်နိုင်ဖို့အတွက် တာဝန်ရှိသူတွေ အပြင်းအထန် ကြိုးစားနေကြပါတယ်။

ဓာတ်အားပေးစက်ရုံရဲ့ အအေးခံစနစ် ပျက်စီးသွားခဲ့ပြီးနောက် ဒီနေ့ အမှတ် ၃ ဓာတ်ပေါင်းဖို ပေါက်ကွဲပြီး ခေါင်မိုးတွေ၊ အပြင်ဘက် နံရံတွေ ပျက်စီးသွားပါတယ်။

ဒုတိယ ဓာတ်ပေါင်းဖိုမှာလည်း အပူလွန် လောင်စာချောင်းတွေ အရေပျော်မသွားအောင် ပင်လယ်ရေကို အသုံးပြုပြီး အင်ဂျင်နီယာတွေ ကြိုးစား ဆောင်ရွက်နေကြပါတယ်။ အဲဒီ အမှတ် ၂ ဓာတ်ပေါင်းဖိုမှာ အပူထိန်း ကိရိယာတွေ အားလုံး အငွေ့ပျံသွားတဲ့အတွက် လောင်စာချောင်းတွေ ပေါ်လာပြီး ပျော်ကျနိုင်တဲ့ အခြေအနေ ရောက်မှာကို ငြင်းလို့မရဘူးလို့ စက်ရုံလည်ပတ်နေတဲ့ Tokyo Electric ဓာတ်အားပေး ကုမ္ပဏီက NHK သတင်းဌာနကို ပြောပါတယ်။

ပင်လယ်ရေသုံးပြီး အပူမလွန်ကဲလာအောင် ကြိုးစား ဆောင်ရွက်မှုက အခြေအနေကို ထိန်းနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဂျပန်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ဖူကူရှီးမားစက်ရုံအပြင် တခြား အန္တရာယ်ရှိနိုင်တဲ့ စက်ရုံတွေနားမှာ နေထိုင်နေကြသူ ၂၀၀,၀၀၀ နီးပါးကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးထားပါတယ်။

နျူကလီးယားအရေး စိုးရိမ်မှုဘက်ကို အာရုံစိုက်နေကြချိန်မှာ ငလျင်နဲ့ ဆူနာမီ ဒီလှိုင်းကြီးတွေရဲ့ဒဏ်ကြောင့် အစားအသောက်နဲ့ အပူပေးစနစ် မရှိဘဲ ၄ ညမြောက်ရက်ကို ကျော်လွန်ကြဖို့ ရင်ဆိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အတွက်ကိုလည်း ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြပါတယ်။ သေဆုံးသူ စုစုပေါင်း ၁၀,၀၀၀ ကျော်လိမ့်မယ် ဆိုပြီးတော့လည်း မျှော်လင့်ထားကြပါတယ်။

XS
SM
MD
LG