သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် အောက်လွှတ်တော်ကို ဖျက်သိမ်း


 အောက်လွှတ်တော်ကို ဝန်ကြီးချုပ် Shinzo Abe
အောက်လွှတ်တော်ကို ဝန်ကြီးချုပ် Shinzo Abe

ဂျပန်နိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပတော့မှာဖြစ်တာကြောင့် အောက်လွှတ်တော်ကို ဝန်ကြီးချုပ် Shinzo Abe က ဒီကနေ့ပဲ တရားဝင် ဖျက်သိမ်းလိုက်ပါတယ်။ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ရွေးကောက်ပွဲတွေ အချိန်စောကျင်းပဖို့ ဝန်ကြီးချုပ်က ရုတ်တရက် ကြေညာလိုက်ပြီး ၃ ရက်အကြာမှာပဲ လွှတ်တော်ကို ဖျက်သိမ်းလိုက်တာပါ။

မြောက်ကိုရီးယားပြဿနာ ကြီးထွားလာနေချိန်မှာ၊ ဂျပန်နိုင်ငံသား မဲဆန္ဒရှင်တွေကြား ထောက်ခံမှု အားကောင်းလာနေတာကို ဝန်ကြီးချုပ်က အခွင့်ကောင်းယူပြီး ရွေးကောက်ပွဲတွေ အချိန်စော ကျင်းပဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အနိုင်ရခဲ့မယ် ဆိုရင်တော့ အနည်းဆုံး ၂၀၂၁ ခုနှစ်အထိ ဆက်လက် တာဝန်ယူရမှာပါ။

ဒါပေမဲ့လည်း ဝန်ကြီးချုပ်ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဟာ မနေ့တုန်းကမှ နိုင်ငံရေးပါတီသစ်တခုအဖြစ် တရားဝင် ထုတ်ဖော် ကြေညာခဲ့တဲ့ တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူးဟောင်း Yuriko Koike ရဲ့ မျှော်လင့်ချက်ပါတီကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ မမျှော်လင့်ပဲ ရင်ဆိုင်နေရပါတယ်။

ပါတီသစ်ကိုတော့ ဝန်ကြီးချုပ် Abe ရဲ့ အာဏာရ LDP ပါတီက သာမက၊ အတိုက်အခံ ဂျပန်ဒီမိုကရက်တစ်ပါတီ (DPJ) က လွှတ်တော်အမတ် အများအပြားကိုပါ ဆွဲဆောင်နေတာပါ။ တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူးဟောင်းဟာ အနာဂတ်ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်တဦး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပေမဲ့လည်း၊ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG