သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖူကူရွီးမားစက္႐ုံက သန႔္စင္ေရ တန္ခ်ိန္ ၁ သန္းေက်ာ္ စြန႔္ထုတ္မည္ 


Fukushima Daiichi န်ဴကလီးယားဓာတ္အားေပးစက္႐ုံ (မတ္လ ၅၊ ၂၀၂၂)

ဂ်ပန္မွာ ပ်က္စီးခဲ့တဲ့ ဖူကူရွီးမားဒိုင္အီခ်ီ (Daiichi) န်ဴကလီးယားဓာတ္အားေပးစက္႐ုံထဲက ေရဒီယိုသတၱိႂကြေရေတြကို ျပန္လည္သန႔္စင္ၿပီး သမုဒၵရာထဲကို စြန႔္ထုတ္ဖို႔ စီစဥ္ေနပါတယ္။

ေရဒီယိုဓါတ္သတၱိေတြေပ်ာ္ဝင္ေနတဲ့ ေရေတြကို လက္ခံႏိုင္တဲ့ အဆင့္ျဖစ္ေအာင္ ျပန္လည္သန႔္စင္ၿပီးရင္ တန္ခ်ိန္ ၁ သန္းေက်ာ္အထိ ဒီႏွစ္ထဲမွာ စြန႔္ထုတ္မွာျဖစ္တယ္လို႔ ဂ်ပန္အစိုးရအဖြဲ႕ အတြင္းဝန္ခ်ဳပ္ Hirokazu Matsuno က ဒီေန႔ ေသာၾကာေန႔မွာ ေျပာလိုက္တာပါ။

ႏိုင္ငံတကာ အဏုျမဴစြမ္းအင္ ေအဂ်င္စီ (IAEA) က ဒီအစီအစဥ္ကို ေထာက္ခံထားေပမဲ့၊ အခုလို စစြန႔္ထုတ္ဖို႔ကေတာ့၊ ကုလသမဂၢ ေစာင့္ၾကည့္ေရးအဖြဲ႕ရဲ႕ အစီရင္ခံစာ အျပည့္အစုံကို ေစာင့္ရဦးမယ္လို႔ အတြင္းဝန္ခ်ဳပ္ Matsuno က ဆက္ေျပာပါတယ္။

ဂ်ပန္မွာ ၂၀၁၁ ခုႏွစ္တုံးက ဆူနာမီ ဒီလႈိင္းႀကီးေတြေၾကာင့္ ဖူကူရွီးမားန်ဴကလီးယားဓာတ္အားစက္႐ုံထဲက ဓါတ္ေပါင္းဖိုေတြရဲ႕ အေအးေပးစနစ္ေတြ ထိခိုက္ပ်က္စီးသြားခဲ့တာပါ။ ဒါက ဆိုဗီယက္ကာလ ခ်ာႏိုဘိုင္းလ္န်ဳကလီယာဓာတ္အားစက္႐ုံျဖစ္စဥ္ေနာက္ပိုင္း ကမာၻ႔အႀကီးမားဆုံး န်ဳကလီယာ မေတာ္တဆမႈလည္းျဖစ္ပါတယ္။

အခု ဖူကူရွီးမားစက္႐ုံေၾကာင့္ ထိခိုက္ခဲ့မႈေတြ ရွင္းလင္းႏိုင္ေရးလုပ္ငန္းေတြကို စတင္လုပ္ေဆာင္ေနၿပီး အႏွစ္ ၄၀ ေလာက္အခ်ိန္ၾကာႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဧၿပီကေန ႏိုဝင္ဘာလအထိ ေျမေအာက္ေရ၊ ပင္လယ္ေရ၊ မိုးေရနဲ႔ ဓါတ္ေပါင္းဖိုေတြ အေအးခံဖို႔သုံးတဲ့ေရ စတဲ့ ေရကုဗမီတာ ၁၀၀ ေလာက္ ဒီန်ဴကလီးယား ဓာတ္အားေပးစက္႐ုံကေန ေန႔စဥ္ ပွ်မ္းမွ် ထြက္ခဲ့ပါတယ္။ အဲဒီေရေတြထဲက ေရဒီယိုသတၱိႂကြဓါတ္ေတြစစ္ထုတ္ၿပီး သိုေလွာင္ကန္ေတြထဲမွာ သိမ္းဆည္းထားခဲ့တာ ကုဗမီတာ ၁ သန္း ၃ သိန္းေက်ာ္ရွိလာျဖစ္လို႔ ထပ္သိမ္းထားႏိုင္ဖို႔ ေနရာ သိပ္မက်န္ေတာ့တဲ့အတြက္ ေရေတြကို ပင္လယ္ထဲ စြန႔္ပစ္မယ့္ အစီအစဥ္လုပ္ေနတာျဖစ္ပါတယ္။

IAEA ရဲ႕ အစီရင္ခံစာထြက္လာၿပီးရင္ေတာ့ ဒီေရေတြကို ဒီႏွစ္ ေႏြဦး ဒါမွမဟုတ္ ေႏြရာသီေလာက္မွာ သမုဒၵရာထဲကိုထုတ္လႊတ္ႏိုင္ဖို႔ရွိၿပီး၊ ေဘးကင္းလုံၿခဳံဖို႔ အစြမ္းကုန္လုပ္သြားမယ္လို႔လည္း အတြင္းဝန္ခ်ဳပ္ Matsuno ကတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

Fukushima စက်ရုံက သန့်စင်ရေ တန်ချိန် ၁ သန်းကျော် စွန့်ထုတ်မည်

ဂျပန်မှာ ပျက်စီးခဲ့တဲ့ Fukushima Daiichi နျူကလီးယားဓာတ်အားပေးစက်ရုံထဲက ရေဒီယိုသတ္တိကြွရေတွေကို ပြန်လည်သန့်စင်ပြီး သမုဒ္ဒရာထဲကို စွန့်ထုတ်ဖို့ စီစဉ်နေပါတယ်။

ရေဒီယိုဓါတ်သတ္တိတွေပျော်ဝင်နေတဲ့ ရေတွေကို လက်ခံနိုင်တဲ့ အဆင့်ဖြစ်အောင် ပြန်လည်သန့်စင်ပြီးရင် တန်ချိန် ၁ သန်းကျော်အထိ ဒီနှစ်ထဲမှာ စွန့်ထုတ်မှာဖြစ်တယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hirokazu Matsuno က ဒီနေ့ သောကြာနေ့မှာ ပြောလိုက်တာပါ။

နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ဒီအစီအစဉ်ကို ထောက်ခံထားပေမဲ့၊ အခုလို စစွန့်ထုတ်ဖို့ကတော့၊ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အစီရင်ခံစာ အပြည့်အစုံကို စောင့်ရဦးမယ်လို့ အတွင်းဝန်ချုပ် Matsuno က ဆက်ပြောပါတယ်။

ဂျပန်မှာ ၂၀၁၁ ခုနှစ်တုံးက ဆူနာမီ ဒီလှိုင်းကြီးတွေကြောင့် ဖူကူရှီးမားနျူကလီးယားဓာတ်အားစက်ရုံထဲက ဓါတ်ပေါင်းဖိုတွေရဲ့ အအေးပေးစနစ်တွေ ထိခိုက်ပျက်စီးသွားခဲ့တာပါ။ ဒါက ဆိုဗီယက်ကာလ ချာနိုဘိုင်းလ်နျုကလီယာဓာတ်အားစက်ရုံဖြစ်စဉ်နောက်ပိုင်း ကမ္ဘာ့အကြီးမားဆုံး နျုကလီယာ မတော်တဆမှုလည်းဖြစ်ပါတယ်။

အခု ဖူကူရှီးမားစက်ရုံကြောင့် ထိခိုက်ခဲ့မှုတွေ ရှင်းလင်းနိုင်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီး အနှစ် ၄၀ လောက်အချိန်ကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီကနေ နိုဝင်ဘာလအထိ မြေအောက်ရေ၊ ပင်လယ်ရေ၊ မိုးရေနဲ့ ဓါတ်ပေါင်းဖိုတွေ အအေးခံဖို့သုံးတဲ့ရေ စတဲ့ ရေကုဗမီတာ ၁၀၀ လောက် ဒီနျူကလီးယား ဓာတ်အားပေးစက်ရုံကနေ နေ့စဉ် ပျှမ်းမျှ ထွက်ခဲ့ပါတယ်။ အဲဒီရေတွေထဲက ရေဒီယိုသတ္တိကြွဓါတ်တွေစစ်ထုတ်ပြီး သိုလှောင်ကန်တွေထဲမှာ သိမ်းဆည်းထားခဲ့တာ ကုဗမီတာ ၁ သန်း ၃ သိန်းကျော်ရှိလာဖြစ်လို့ ထပ်သိမ်းထားနိုင်ဖို့ နေရာ သိပ်မကျန်တော့တဲ့အတွက် ရေတွေကို ပင်လယ်ထဲ စွန့်ပစ်မယ့် အစီအစဉ်လုပ်နေတာဖြစ်ပါတယ်။

IAEA ရဲ့ အစီရင်ခံစာထွက်လာပြီးရင်တော့ ဒီရေတွေကို ဒီနှစ် နွေဦး ဒါမှမဟုတ် နွေရာသီလောက်မှာ သမုဒ္ဒရာထဲကိုထုတ်လွှတ်နိုင်ဖို့ရှိပြီး၊ ဘေးကင်းလုံခြုံဖို့ အစွမ်းကုန်လုပ်သွားမယ်လို့လည်း အတွင်းဝန်ချုပ် Matsuno ကတိပေးထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG