သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယားစြမ္းအင္ ျပန္သံုးဖို႔ ဂ်ပန္စီစဥ္


ဂျပန် ညူကလီးယားသုံးဓာတ်အားပေးစက်ရုံ

ဂ်ပန္ႏိုင္ငံမွာ ႏ်ဴကလီယားဓါတ္ေပါင္းဖိုေတြ ဆက္လက္ ထားရွိမယ့္ အစီစဥ္ကို အစိုးရက ၾကာသပေတးေန႔မွာ အတည္ျပဳလိုက္ပါတယ္။ လက္ရွိ ဓါတ္ေပါင္းဖိုေဟာင္းေတြ ေနရာမွာ အသစ္အစားထိုးဖို႔နဲ႔ ေနာက္ထပ္ ဓါတ္ေပါင္းဖို အသစ္ေတြ ထပ္မံေဆာက္လုပ္ဖို႔ပါ ပါဝင္ပါတယ္။

Zawgyi

ႏ်ဴကလီးယားစြမ္းအင္ ျပန္သံုးဖို႔ ဂ်ပန္စီစဥ္

ဂ်ပန္ႏိုင္ငံမွာ ႏ်ဴကလီယားဓါတ္ေပါင္းဖိုေတြ ဆက္လက္ ထားရွိမယ့္ အစီစဥ္ကို အစိုးရက ၾကာသပေတးေန႔မွာ အတည္ျပဳလိုက္ပါတယ္။ လက္ရွိ ဓါတ္ေပါင္းဖိုေဟာင္းေတြ ေနရာမွာ အသစ္အစားထိုးဖို႔နဲ႔ ေနာက္ထပ္ ဓါတ္ေပါင္းဖို အသစ္ေတြ ထပ္မံေဆာက္လုပ္ဖို႔ပါ ပါဝင္ပါတယ္။

ဒါဟာ Fukushima ႏ်ဴကလီယား ဓါတ္ေပါင္းဖို႔ ပ်က္စီးမႈေၾကာင့္ အႏၲရာယ္ၾကံဳခဲ့ရတဲ့ ဂ်ပန္ႏိုင္ငံအတြက္ အႏုျမဴစြမ္းအင္ ထုတ္လုပ္မႈ ရပ္ဆိုင္းဖို႔ စီစဥ္ခဲ့ရာကေန အခု အဓိက အေျပာင္းအလဲႀကီး တခု ျဖစ္လာတာပါ။

ကမာၻတလႊား ေလာင္စာရွားပါးမႈနဲ႔ ရင္ဆိုင္ရၿပီး ကုန္ေစ်းႏႈန္း ႀကီးျမင့္တာနဲ႔ ဖန္လံုအိမ္ ဓါတ္ေငြ႕ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ဖို႔ ဖိအားေပးမႈေတြ တိုးလာတာေၾကာင့္ ႏ်ဴကလီယား စြမ္းအင္ထုတ္လုပ္ေရးကို ျပန္စဖို႔ ဂ်ပန္ေခါင္းေဆာင္ေတြ ဆံုးျဖတ္ၾကတာ ျဖစ္ပါတယ္။

အခု ၾကာသပေတးေန႔ ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္အရ ဂ်ပန္ႏိုင္ငံဟာ လက္ရွိဓါတ္ေပါင္းဖို႔ ေတြကို အတတ္ႏိုင္ဆံုး မ်ားမ်ား သံုးမွာ ျဖစ္သလို သူတို႔ကို အသံုးျပဳႏိုင္တဲ့ သက္တမ္းေတြကိုလည္း အႏွစ္ ၆၀ ေက်ာ္ သံုးႏိုင္ေအာင္ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ဂ်ပန္အစိုးရက ေခတ္မွ အဆင့္ျမင့္ ဓါတ္ေပါင္းဖို အသစ္တည္ေဆာက္ဖို႔ပါ လုပ္ေဆာင္မယ္ လို႔လည္း ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံက ဓါတ္ေပါင္းဖို အမ်ားစုဟာ သက္တမ္း အႏွစ္ ၃၀ ေက်ာ္ေနၿပီျဖစ္ပါတယ္။ ၄ ခုကေတာ့ အႏွစ္ ၄၀ ေက်ာ္ေနၿပီျဖစ္ၿပီး သူတို႔ိကို အသံုးျ႔ပဳခြင့္ ခ်ထားေပးၿပီးျဖစ္ပါတယ္။ အခု ထုတ္ျပန္တဲ့ မူဝါဒ အသစ္အရ ဓါတ္ေပါင္းဖို ၂၀ ေလာက္ အတြက္ အဆင့္ျမင့္ ဓါတ္ေပါင္းဖိုေတြနဲ႔ အစားထိုးဖို႔ လုပ္ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ Fumio Kishida ကေတာ့ သူ႔မူဝါဒကို ကက္ဘိနက္အဖြဲ႔ရဲ႕ အတည္ျပဳခ်က္ရယူမွာ ျဖစ္ၿပီး လိုအပ္တဲ့ ဥပေဒေတြ ျပဌာန္းဖို႔ လႊတ္ေတာ္ကို တင္သြြင္းမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ႏ်ဴကလီးယားစြမ္းအင္ ျပန္သံုးဖို႔ ဂ်ပန္စီစဥ္
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

##

နျူကလီးယားစွမ်းအင် ပြန်သုံးဖို့ ဂျပန်စီစဉ်

ဂျပန်နိုင်ငံမှာ နျူကလီယားဓါတ်ပေါင်းဖိုတွေ ဆက်လက် ထားရှိမယ့် အစီစဉ်ကို အစိုးရက ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။ လက်ရှိ ဓါတ်ပေါင်းဖိုဟောင်းတွေ နေရာမှာ အသစ်အစားထိုးဖို့နဲ့ နောက်ထပ် ဓါတ်ပေါင်းဖို အသစ်တွေ ထပ်မံဆောက်လုပ်ဖို့ပါ ပါဝင်ပါတယ်။

ဒါဟာ Fukushima နျူကလီယား ဓါတ်ပေါင်းဖို့ ပျက်စီးမှုကြောင့် အန္တရာယ်ကြုံခဲ့ရတဲ့ ဂျပန်နိုင်ငံအတွက် အနုမြူစွမ်းအင် ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ စီစဉ်ခဲ့ရာကနေ အခု အဓိက အပြောင်းအလဲကြီး တခု ဖြစ်လာတာပါ။

ကမ္ဘာတလွှား လောင်စာရှားပါးမှုနဲ့ ရင်ဆိုင်ရပြီး ကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ ဖိအားပေးမှုတွေ တိုးလာတာကြောင့် နျူကလီယား စွမ်းအင်ထုတ်လုပ်ရေးကို ပြန်စဖို့ ဂျပန်ခေါင်းဆောင်တွေ ဆုံးဖြတ်ကြတာ ဖြစ်ပါတယ်။

အခု ကြာသပတေးနေ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အရ ဂျပန်နိုင်ငံဟာ လက်ရှိဓါတ်ပေါင်းဖို့ တွေကို အတတ်နိုင်ဆုံး များများ သုံးမှာ ဖြစ်သလို သူတို့ကို အသုံးပြုနိုင်တဲ့ သက်တမ်းတွေကိုလည်း အနှစ် ၆၀ ကျော် သုံးနိုင်အောင် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရက ခေတ်မှ အဆင့်မြင့် ဓါတ်ပေါင်းဖို အသစ်တည်ဆောက်ဖို့ပါ လုပ်ဆောင်မယ် လို့လည်း ပြောပါတယ်။

ဂျပန်နိုင်ငံက ဓါတ်ပေါင်းဖို အများစုဟာ သက်တမ်း အနှစ် ၃၀ ကျော်နေပြီဖြစ်ပါတယ်။ ၄ ခုကတော့ အနှစ် ၄၀ ကျော်နေပြီဖြစ်ပြီး သူတို့ိကို အသုံးြ့ပုခွင့် ချထားပေးပြီးဖြစ်ပါတယ်။ အခု ထုတ်ပြန်တဲ့ မူဝါဒ အသစ်အရ ဓါတ်ပေါင်းဖို ၂၀ လောက် အတွက် အဆင့်မြင့် ဓါတ်ပေါင်းဖိုတွေနဲ့ အစားထိုးဖို့ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကတော့ သူ့မူဝါဒကို ကက်ဘိနက်အဖွဲ့ရဲ့ အတည်ပြုချက်ရယူမှာ ဖြစ်ပြီး လိုအပ်တဲ့ ဥပဒေတွေ ပြဌာန်းဖို့ လွှတ်တော်ကို တင်သွင်းမှာ ဖြစ်ကြောင်း ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG