သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နာဂါဆာကီ အႏုျမဴဗုံးႀကဲခံရတဲ့ႏွစ္ပတ္လည္က်င္းပ


နာဂါဆာကီျမိဳ ့အား အနုျမဴဗံုးက်ဲခံရသည့္ အထိမ္းအမွတ္ေန ့တြင္ ျမိဳ ့ျငိမ္းခ်မ္းေရး ပန္းျခံထက္ ခိုငွက္မ်ား ပ်ံ၀ဲ နေစဥ္ ( ဓာတ္ပံု - AFP)

(Zawgyi/Unicode)

အေမရိကန္ႏိုင္ငံက အႏုျမဴဗုံးႀကဲခံခဲ့ရတဲ့ ၇၆ႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔ကို ဂ်ပန္ႏိုင္ငံ၊ နာဂါဆာကီၿမိဳ႕မွာ ဒီကေန႔က်င္းပပါတယ္။ အေမရိကန္ရဲ႕အကာအကြယ္ကိုရယူေနမယ့္အစား ဂ်ပန္ႏိုင္ငံကို န်ဴကလီးယားကင္းစင္တဲ့ဇုံ တခုျဖစ္လာေအာင္ ဂ်ပန္အစိုးရက ဦးဆာင္ဖို႔ ၿမိဳ႕ေတာ္ဝန္က ႏွစ္ပတ္လည္အခမ္းအနားမွာတိုက္တြန္းခဲ့ပါတယ္။

အဲဒီဗုံးဒဏ္ေၾကာင့္ လူေပါင္း ၇ေသာင္းေက်ာ္ေသဆုံးခဲ့ရတာပါ။ နာဂါဆာကီ ၿငိမ္းခ်မ္းေရးပန္းၿခံထဲမွာက်င္းပတဲ့အခမ္းအနားမွာေတာ့ ဗုံးဒဏ္ေၾကာင့္အသက္မေသက်န္ရစ္သူေတြနဲ႔ အျခားလူပုဂၢိဳလ္တို႔က အေမရိကန္တို႔ ပလူတိုနီယံ ဗုံးႀကဲခ်ခဲ့တဲ့ မနက္ ၁၁နာရီ ၂ စကၠန႔္မွာ တမိနစ္တာတိတ္ဆိတ္ၿငိမ္သက္စြာရပ္ၿပီးေသဆုံးသြားသူေတြကို ဂါရဝျပဳခဲ့ၾကပါတယ္။ လက္ရွိခ်ိန္ထိ န်ဴကလီးယားလက္နက္အမ်ားဆုံးပိုင္ဆိုင္ထားၾကတဲ့ အေမရိကန္ျပည္ေထာင္စုနဲ႔ ႐ုရွားႏိုင္ငံတို႔ အေနနဲ႔ သူတို႔ရဲ႕န်ဴကလီးယားလက္နက္ေတြ ေလ်ာ့ခ်ၾကဖို႔ ၿမိဳ႕ေတာ္ဝန္ Tomihisa Taue က သူ႔မိန႔္ခြန္းမွာ အထူးတလည္တိုက္တြန္းသြားပါတယ္။

ဂ်ပန္ႏိုင္ငံ ဟီ႐ိုရွီးမားၿမိဳ႕ေပၚ အေမရိကန္က ကမာၻ႔ပထမဆုံး အႏုျမဴဗုံးႀကဲခ်ခဲ့တဲ့အတြက္ လူေပါင္း ၁သိန္း ၄ေသာင္းေက်ာ္ေသဆုံးၿပီး ၃ ရက္အၾကာ ၁၉၄၅ခုႏွစ္၊ ၾသဂုတ္လ ၉ ရက္ေန႔မွာ နာဂါဆာကီၿမိဳ႕ေပၚ ဗုံးႀကဲတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ အဲဒီျဖစ္ရပ္ေၾကာင့္ ၾသဂုတ္လ ၁၅ ရက္ေန႔မွာဂ်ပန္က လက္နက္ခ်ၿပီး ဒုတိယကမာၻစစ္ႀကီးအဆုံးသတ္သြာခဲ့တာလည္းျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........................................................................................

နာဂါဆာကီ အနုမြူဗုံးကြဲခံရတဲ့နှစ်ပတ်လည်ကျင်းပ

(Unicode)

အမေရိကန်နိုင်ငံက အနုမြူဗုံးကြဲခံခဲ့ရတဲ့ ၇၆နှစ်မြောက်နှစ်ပတ်လည်နေ့ကို ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့မှာ ဒီကနေ့ကျင်းပပါတယ်။ အမေရိကန်ရဲ့အကာအကွယ်ကိုရယူနေမယ့်အစား ဂျပန်နိုင်ငံကို နျူကလီးယားကင်းစင်တဲ့ဇုံ တခုဖြစ်လာအောင် ဂျပန်အစိုးရက ဦးဆာင်ဖို့ မြို့တော်ဝန်က နှစ်ပတ်လည်အခမ်းအနားမှာတိုက်တွန်းခဲ့ပါတယ်။

အဲဒီဗုံးဒဏ်ကြောင့် လူပေါင်း ၇သောင်းကျော်သေဆုံးခဲ့ရတာပါ။ နာဂါဆာကီ ငြိမ်းချမ်းရေးပန်းခြံထဲမှာကျင်းပတဲ့အခမ်းအနားမှာတော့ ဗုံးဒဏ်ကြောင့်အသက်မသေကျန်ရစ်သူတွေနဲ့ အခြားလူပုဂ္ဂိုလ်တို့က အမေရိကန်တို့ ပလူတိုနီယံ ဗုံးကြဲချခဲ့တဲ့ မနက် ၁၁နာရီ ၂ စက္ကန့်မှာ တမိနစ်တာတိတ်ဆိတ်ငြိမ်သက်စွာရပ်ပြီးသေဆုံးသွားသူတွေကို ဂါရဝပြုခဲ့ကြပါတယ်။ လက်ရှိချိန်ထိ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်ထားကြတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့ အနေနဲ့ သူတို့ရဲ့နျူကလီးယားလက်နက်တွေ လျော့ချကြဖို့ မြို့တော်ဝန် Tomihisa Taue က သူ့မိန့်ခွန်းမှာ အထူးတလည်တိုက်တွန်းသွားပါတယ်။

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ် အမေရိကန်က ကမ္ဘာ့ပထမဆုံး အနုမြူဗုံးကြဲချခဲ့တဲ့အတွက် လူပေါင်း ၁သိန်း ၄သောင်းကျော်သေဆုံးပြီး ၃ ရက်အကြာ ၁၉၄၅ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့မှာ နာဂါဆာကီမြို့ပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် သြဂုတ်လ ၁၅ ရက်နေ့မှာဂျပန်က လက်နက်ချပြီး ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်သွာခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG