သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပ အားမကိုးရရေး ဂျပန် ကိုယ်ပိုင်ဂြိုဟ်တုတလုံး ထပ်လွှတ်


Quasi-Zenith ဂြိုဟ်တု Michibiki အမှတ် ၆ ကို သယ်ဆောင်သွားသည့် H3 ဒုံးယာဥ်ကို Tanegashima အာကာသစခန်းမှ တနင်္ဂနွေနေ့တွင် လွှတ်တင်ခဲ့။ (Kyodo News via AP)
Quasi-Zenith ဂြိုဟ်တု Michibiki အမှတ် ၆ ကို သယ်ဆောင်သွားသည့် H3 ဒုံးယာဥ်ကို Tanegashima အာကာသစခန်းမှ တနင်္ဂနွေနေ့တွင် လွှတ်တင်ခဲ့။ (Kyodo News via AP)

ပထဝီ အနေအထားပြ ဂြိုဟ်တုတလုံးကို H3 ဒုံးပျံ ရောကက်နဲ့ ဂျပန်နိုင်ငံက အောင်အောင်မြင်မြင် လွှတ်တင်လိုက်တယ်လို့ ဂျပန် အာကာသဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ အနောက်တောင်ဘက်ကျွန်းမှာရှိတဲ့ တာနီဂါရှီးမား အာကာသစခန်း (Tanegashima Space Center) ကနေ H3 ရောကက်က မီရှီဘီကီ ၆ (Michibiki 6) ဂြိုဟ်တုကို သယ်ဆောင်သွားခဲ့တယ်လို့ အာကာသဌာနက သတင်းထုတ်ပြန်ပါတယ်။

၂ ပတ်အတွင်းမှာ ပစ်မှတ် ဂြိုဟ်တုပတ်လမ်းကိုရောက်ဖို့ မျှော်လင့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသတွင်း သွားလာရေးအတွက် ပထဝီအနေအထားပြ ဂြိုဟ်တုကွန်ယက်မှာ ခု ဂြိုဟ်တုဟာ ဂျပန်ရဲ့ ငါးလုံးမြောက်ဂြိုဟ်တု ဖြစ်ပါတယ်။

မီရှီဘီကီ ၆ က ပေးပို့တဲ့ အချက်ပြချက်တွေဟာ အမေရိကန် ဂျီပီအက်စ်အတွက် ဖြည့်ဘက်ဖြစ်ပြီး စမတ်ဖုန်း၊ မော်တော်ကား၊ ရေကြောင်းသွားလာရေးနဲ့ ဒရုန်းတွေ သွားလာရေးအတွက် အသုံးကျမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက ဂြိုဟ်တု ၇ လုံး ကွန်ယက်စနစ်ကို မျှော်မှန်းထားပြီး ၂၀၂၆ မတ်လမတိုင်မီမှာ နောက်ထပ် ဂြိုဟ်တုနှစ်လုံးကို လွှတ်တင်ဖို့ စီစဥ်ထားပါတယ်။

ဒီစနစ်ကြောင့် အမေရိကန်အပါအဝင် နိုင်ငံခြား ဂြိုဟ်တုစနစ်ကို အားထားစရာမလိုတော့ဘဲ ဂျပန်နိုင်ငံဟာ ပထဝီအနေအထားကို ပြရာမှာ ပိုပြီး တိကျအားကောင်းလာမယ်လို့ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက ပြောပါတယ်။

ပြည်ပ အားမကိုးရရေး ဂျပန် ကိုယ်ပိုင်ဂြိုဟ်တုတလုံး ထပ်လွှတ်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG