သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဒုကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးဂျပန်မရိန်းတပ် ဖွဲ့စည်း


ဂျပန်မရိန်းတပ်

ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ဂျပန် မရိန်းတပ်ဖွဲ့ ဖွဲ့စည်းတဲ့ အခမ်းအနား ဒီကနေ့ ကျင်းပပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ ထိစပ်နေတဲ့ နယ်မြေ တလျှောက်က ကျွန်းတွေကို တရုတ်နိုင်ငံဘက်က အတင်းလာ သိမ်းပိုက်တာမျိုးကို ဂျပန်က စိုးရိမ်ပြီး အခုလို တပ်ဖွဲ့စည်းတာပါ။

ကျူးရှုးကျွန်းဆွယ် အနောက်တောင်ဘက်က Sasebo ကျွန်းအနီးက စစ်စခန်းမှာ မရိန်းတပ်ဖွဲ့ဝင် ၁၅၀၀ လောက်ဟာ ဆိုးရွားတဲ့ရွာသီဥတုအောက်မှာပဲ တပ်ဖွဲ့စည်းတဲ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ပြီး ကျူးကျော်သူတွေ သိမ်းပိုက်ထားတဲ့ကျွန်းကို ပြန်လည် ရယူတဲ့ စစ်ရေးသရုပ်ပြမှု မိနစ် ၂၀ ကြာအောင် ပြုလုပ်ခဲ့ပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ တိုးပြီး ရင်ဆိုင်လာရတဲ့အချိန်မှာ ဂျပန်ကျွန်းတွေကို ကာကွယ်သွားဖို့ ဒုတိယကာကွယ်ရေးဝန်ကြီး Tomohiro Yamamoto က အခမ်းအနားအတွင်း ပြောသွားပါတယ်။ ဂျပန် မရိန်းတပ်ဖွဲ့ရဲ့ အခုလို စစ်ရေး လှုပ်ရှားမှုဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် ငြိမ်းခြောက်သလိုမျိုး ဖြစ်မလား ဆိုပြီးတော့ ဝေဖန်သုံးသပ် မှုတွေလည်း ရှိနေပါတယ်။

ဒုတိယကမ္ဘာစစ်နောက်ပိုင်းပြန်ရေးဆွဲတဲ့ ဖွဲ့စည်းပုံဥပဒေမှာ ဂျပန်နိုင်ငံအနေနဲ့ ပုံမှန်စစ်တပ် မရှိရဘူးဆိုပြီး ထည့်သွင်းရေးဆွဲ ထားတာကြောင့်ပါ။ အနောက် ပစိဖိတ်ဒေသကို အလွယ်တကူ သွားနိုင်ဖို့ ကြိုးပမ်းနေတဲ့ တရုတ်နိုင်ငံရဲ့ နယ်မြေချဲ့ထွင်မှုကို ဟန့်တားတဲ့ အနေနဲ့ ဟယ်လီကော်ပတာတွေ၊ ကုန်းရေ နှစ်မျိုးသွား တိုက်ခိုက်ရေးယာဉ်တွေနဲ့ တခြားအဆင့်မြင့် စစ်ဖက်သုံး ယဉ်တွေပါဝင်တဲ့ ဂျပန် မရိန်းတပ်အင်အားကို တိုးချဲ့နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG