သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံ ဓားထိုးတိုက်ခိုက်မှု ကျောင်းသူတဦး၊ အမျိုးသားတဦးသေ


ဓားထိုးတိုက်ခိုက်မှု ဖြစ်သည့်နေရာ
ဓားထိုးတိုက်ခိုက်မှု ဖြစ်သည့်နေရာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်နားမှာ ဒီကနေ့ လူတယောက်က ဓားနဲ့လိုက်ထိုးတာကြောင့် အမျိုးသားတယောက်နဲ့ ကျောင်းသူလေး တဦး သေဆုံးပြီး နောက်ထပ် ၁၇ ယောက်ထက်မနည်း ဒဏ်ရာရသွားပါတယ်။

Kawasaki မြို့နားမှာ ကျောင်းသားလေးတစုဟာ တခြားခရီးသည်တွေနဲ့အတူ ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့အချိန် လက်တဘက်စီမှာ ဓားတချောင်းစီကိုင်ထားတဲ့ လူတယောက်က “မင်းတို့ကို ငါသတ်မယ်” လို့အော်ပြီး လူအုပ်ထဲကို ဓားနဲ့ ဝင်ထိုး တာပါ။

အသက် ၅၀ ပတ်ဝန်းကျင် အဲဒီလူဟာလည်း သူ့လည်ပင်းသူ ဓားနဲ့ထိုးပြီး သတ်သေသွားတယ်လို့ NHK ဂျပန် ရုပ်သံသတင်းဌာန က ပြောပါတယ်။ သေဆုံးသွားသူတွေဟာ အသက် ၁၂ နှစ်အရွယ် ကျောင်းသူလေးတဦးနဲ့ ကားစောင့်နေတဲ့ထဲက တခြား ကျောင်းသူလေးတဦးရဲ့ ဖခင်ဖြစ်သူ အသက် ၃၉ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ သုံးယောက်ဟာ စိုးရိမ်ရတဲ့ဒဏ်ရာတွေ ရထားကြပါတယ်။

ဘာ့ကြောင့် ဒီလိုတိုက်ခိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရဲတပ်ဖွဲ့က မသိသေးပါဘူး။

ဂျပန်နိုင်ငံဟာ လက်နက်နဲ့ တိုက်ခိုက်သတ်ဖြတ်တာတွေ အဖြစ်အနည်းဆုံး တိုင်းပြည်တခုဖြစ်ပေမယ့် သတ်ဖြတ်မှုကြီးတွေ ဖြစ်ခဲ့ဖူးတာတော့ရှိပါတယ။် ၂၀၁၆ ခုနှစ်က ဖြစ်ရပ်တခုမှာဆိုရင် မသန်စွမ်းလူနာ ကုသဆောင်တခုကို လူတယောက်က ဝင်လာ ပြီး လူနာ ၁၉ ယောက်ကို ဓားနဲ့ထိုးသတ်ခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG