သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်-မြန်မာ ရင်းနှီးမြှုပ်နှံမှု သဘောတူလက်မှတ်ထိုး


Myanmar's President Thein Sein, left, listens as Japanese Prime Minister Shinzo Abe speaks during a joint press conference after their talks at Abe's official residence in Tokyo, Sunday, Dec. 15, 2013. Japan and Myanmar are commemorating the 60th annivers
Myanmar's President Thein Sein, left, listens as Japanese Prime Minister Shinzo Abe speaks during a joint press conference after their talks at Abe's official residence in Tokyo, Sunday, Dec. 15, 2013. Japan and Myanmar are commemorating the 60th annivers
အခုနှစ်ပိုင်းတွေအတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီးတော့ နိုင်ငံရဲ့အလျှင်မြန်ဆုံးနှုန်းနဲ့ ဖွံ့ဖြိုးနေတဲ့ စီးပွားရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးတော့ လက်ခံပေးနေတဲ့ တချိန်က အထီးကျန် မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီးတော့ ရှင်သန်ဖို့ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ရင်းနှီးမြှုပ်နှံမှု သဘောတူ စာချုပ်တရပ်ကို တနင်္ဂနွေနေ့က သဘောတူလက်မှတ်ရေးထိုး လိုက်ပါတယ်။

တိုကျိုမြို့တော်မှာ ဒေသတွင်းခေါင်းဆောင်တွေ စုဝေးခဲ့ကြတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့-အာဆီယံရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပြီးတဲ့ နောက်မှာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ဟာ မြန်မာနိုင်ငံ အတွင်းမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုပြီးတော့ အကာအကွယ်ဖြစ်စေပြီးတော့ တည်ငြိမ်မှုရှိတဲ့ ဥပဒေဘောင်တွေနဲ့ ပြုမူတဲ့ပတ်ဝန်းကျင်ဖြစ်ဖို့ ရည်ရွယ်တယ်လို့ ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

သဘာဝသယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးမှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အထူးကို အရေးကြီးတာလည်း ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးတွေအတွက် အများပြည်သူနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေရော ပုဂ္ဂလိကလုပ်ငန်းတွေမှာပါ အကူအညီတွေ ပေးသွားမယ်လို့လည်း ကတိပြုသွားပါတယ်။ အခြေခံအဆောက်အအုံတည်ဆောက်ရေးအတွက် ငွေချေးငှားတာအပြင် ဂျပန်စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်စေမယ့် နိုင်ငံရဲ့တခြား ဖွံ့ဖြိုးမှု အဓိက ကိစ္စရပ်တွေမှာပါ အကူအညီပေးမယ်လို့ ပြောသွားခဲ့ပါတယ်။
XS
SM
MD
LG