သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့


 မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်
မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်

ဂျပန်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် စီမံဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဦးဆောင်တဲ့ မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံရောက်ရှိနေပြီး၊ ဂျပန်မှာ မြန်မာစီးပွားရေးဖော်ရမ်တခု ကျင်းပဖို့ရှိနေပါတယ်။ ဒီ စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှာ UMFCCI အမှုဆောင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၄၀ ကျော် ပါဝင်ပါတယ် ။ ဒီ ခရီးစဉ်နဲ့ပတ်သက်လို့ ခရီးစဉ်မှာပါသွားတဲ့ UMFCCI မြန်မာနိုင်ငံ ကုန်သည် စက်မှုအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှုး ဒေါက်တာအောင်သိန်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ဒေါက်တာအောင်သိန်းခင်ဗျ အခုဒီ မြန်မာနိုင်ငံစီးပွားရေးကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဦးအောင်သိန်း လည်းပါတယ် အခုဂျပန်နိုင်ငံကို ရောက်ရှိနေကြပြီဆိုတော့ အခုလက်ရှိတွေ့ဆုံဖြစ်တဲ့အခြေအနေလေးတွေကို ပြောပြပါခင်ဗျ။

ဒေါက်တာအောင်သိန်း။ ။အဓိကတော့ ၂ နိုင်ငံရင်းနှီးမြှုပ်နှံမှုတွေ စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကတွေ့ဆုံတာဖြစ်ပါတယ်။ ဒီနေ့မနက်မှာတော့ ကျနော်တို့ အဓိက Construction ပေ့ါနော် Construction နဲ့ Infrastructure development အတွက် ဒီလုပ်ငန်းရှင်တွေနဲ့ ဒီမနက်ပိုင်းမှာတွေ့တယ်။ နေ့လည်ပိုင်းမှာတော့ Banking and Financing sector ဘဏ်တွေနဲ့ ကျနော်တို့ တွေ့ပါတယ်။ ဒီနေ့မှာတော့ sector ၂ ခုနဲ့ အဓိကဆွေးနွေးပါတယ်။

ကိုသားညွန့်ဦး။ ။ အခုသွားကြတဲ့အဖွဲ့ဝင်တွေမှာ ၄၀ ကျော် ပါတယ်ဆိုတော့ UMFCCI အမှုဆောင်အပြင်ပေါ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ရွေးချယ်တဲ့နေရာမှာ ဘယ်ပုံစံမျိုးနဲ့ ရွေးချယ်ခဲ့ကြပါသလဲ ။

ဒေါက်တာအောင်သိန်း။ ။ အဓိကတော့ ကျနော်တို့ဒီ Sector အလိုက်ကိုယ်စားပြုတဲ့လုပ်ငန်းရှင်တွေကို ကျနော်တို့က ရွေးချယ်တာပါ။ ဒီအခုအဖွဲ့ထဲမှာ IT sector ကလုပ်ငန်းရှင်တွေလည်းပါသလို၊ Energy and electrical powerကလုပ်ငန်းရှင်တွေလည်းပါပါတယ်။ နောက်တခုက Banking and Finance insurance လည်းပါသလို၊ Industry manufacturing ကလုပ်ငန်းရှင်တွေလည်းပါပါတယ်။ နောက်တခုကစက်မှုဇုံတွေ ဖော်ဆောင်တဲ့ လုပ်ငန်းရှင်တွေလည်း ပါပါတယ်။

ကိုသားညွန့်ဦး။ ။ အခုက Sector အသီးသီးက လုပ်ငန်းရှင်တွေလည်း ပါတယ်ဆိုတော့ ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ စီးပွားရေးလုပ်ကြမယ့်အထဲမှာ ဘယ်လိုလုပ်ငန်းမျိုးတွေကို ဦးစားပေး လုပ်ဖို့ စဉ်းစားထားတာ ရှိပါသလဲ။

ဒေါက်တာအောင်သိန်း။ ။အဓိကတော့ ကျနော်တို့နိုင်ငံမှာ အထူးလိုအပ်နေတဲ့ ဒီလျှပ်စစ်ဓါတ်အားပေါ့နော် စွမ်းအင် နဲ့ ကျနော်တို့ Energy Sector ပေါ့ ဒီအပိုင်းတွေနောက် infrastructure ဖွံ့ဖြိုးမှုအပိုင်းတွေ ၊ နောက်တခါ အလုပ်အကိုင်တွေဖန်တီးပေးနိုင်တဲ့ စက်မှု ကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် စက်မှုလုပ်ငန်းတွေ နောက် စက်မှုဇုံတွေ ဖွံ့ဖြိုးဖို့အတွက် အစရှိတဲ့ ဒီလိုလုပ်ငန်းတွေလည်း ပါသလို ဒီ IT Banking တွေလည်း ပါပါတယ်။

ကိုသားညွန့်ဦး။ ။အခုပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံစီးပွားရေးအသင်းက တော်တော်ခပ်ကြီးကြီး ဂျပန်နိုင်ငံသွားကြတယ်ဆိုတော့ ဒီခရီးစဉ်ကနေ ရလဒ်ကောင်းတွေ ဘယ်လောက်မျှော်လင့်ထားသလဲ။

ဒေါက်တာအောင်သိန်း။ ။ကျနော်တို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကလည်း ဂျပန်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ နံပတ် (၁) ဂျပန်လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာပြည်ကိုလာဖို့ ဖိတ်ခေါ်ပါတယ်။ နံပတ် (၂) ကတော့ လာရောက်ပြီးတော့ ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်။ အဲလိုလာရောက် ရင်းနှီးမြုပ်နှံတဲ့အခါမှာလည်း မြန်မာလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ ဒီစီးပွားရေးလုပ်ငန်းတွေကို လွတ်လပ်စွာဆောင်ရွက်နိုင်တယ်။ နိုင်ငံတော်အတွက် ပေးစရာရှိတဲ့အခွန်ခတွေပေးပြီးရင် သူတို့အတွက် အကျိုးအမြတ်တွေကိုလည်း ပြန်လည်ထုတ်ယူခွင့်ရမယ်ဆိုတဲ့ ကတိမျိုးလည်းပေးထားတဲ့အတွက်ကြောင့် ကျနော်တို့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေကလည်း တော်တော်လေးကို စီးပွားရေး ကဏ္ဍ မှာ ဂျပန်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ကိုင်ဖို့အတွက်ကို အများကြီးစိတ်အားထက်သန်နေတဲ့အတွက်ကြောင့် ကျနော်တို့ မျှော်လင့်တာကတော့ ဒီခရီးစဉ်ပြီးတဲ့နောက်မှာ တိုးတက်မူတွေဖြစ်ထွန်း လာမယ်လို့တော့ထင်ပါတယ်။

ကိုသားညွန့်ဦး။ ။ဒါက ပူးပေါင်းဆောင်ရွက်မှုအစိတ်အပိုင်းမှာပေါ့ တဘက်မှာ ဒီ ဂျပန်နိုင်ငံလို ရင်းနှီးမြုပ်နှံတွေ ဆောက်လုပ်ရေးအပိုင်းမှာဖြစ်ဖြစ် တခြား sector မှာဖြစ်ဖြစ်ဝင် လာတဲ့အခါမှာရော ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်ရမယ့် အနေအထားမျိုးမှာ တစုံတရာ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က စိုးရိမ်မှုကော ရှိပါသလား။

ဒေါက်တာအောင်သိန်း။ ။အခုကျနော်တို့ သွားတဲ့ လမ်းကြောင်းက ယှဉ်ပြိုင်တာထက် ပူးပေါင်းဆောင်ရွက်မူဘက်ကိုပိုပြီးတော့ ကျနော်တို့ ဦးတည်ထားပါတယ်။

ကိုသားညွန့်ဦး။ ။ ကျနော်နောက်ဆုံးတခုမေးချင်ပါတယ် ဒီခရီးစဉ်အစမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးကိုယ်စားလှယ်တွေ တော်တော်များများဆုံဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်က ထူးထူးခြားခြား မြန်မာ စီးပွားရေးကိုယ်စားလှယ်တွေကို မှာတာ ဘာများရှိပါသလဲ။

ဒေါက်တာအောင်သိန်း။ ။ဟုတ်ကဲ့အဓိကတော့ ကျနော်တို့ကို ခေတ်စနစ်နဲ့ လျော်ညီစွာ ကျနော်တို့ လုပ်ငန်းရှင်တွေ စမ်းသစ်တီထွင်ပြီးတော့ ကြိုးစားလုပ်ကိုင်ဖို့အတွက်ကို ကျနော်တို့ကို အဓိက မှာပါတယ်။ ဈေးကွက်အသစ်တွေရှာဖွေဖို့ Innovation ကိုဇောင်းပေးပြီးတော့ ကျနော်တို့သွားဖို့ ပေါ့နော် ၊ Product တွေကအစ Beauty Product လိုမျိုး Health Product သဘာဝပစ္စည်းအခြေခံတဲ့ Productမျိုး၊ ဈေးကွက်နဲ့ Product တွေကို တီထွင်ပြီးတော့ ခေတ်စနစ်နဲ့ လျော်ညီအောင် စမ်းသစ်တီထွင်ပြီးတော့ လုပ်ငန်းတွေကို တိုးတက်အောင်လုပ်ကိုင်ဖို့တွေမှာပါတယ်။ ဒီကြားထဲမှာ ကျနော်တို့ Business forum ကြီးရှိပါသေးတယ်။ ကျနော်တို့ ဒီခရီးစဉ်ရဲ့ အဓိကကတော့ ကျနော်တို့ မြန်မာ Business forum ကို ဒီ ၈ ရက်နေ့ နေ့လည်မှာ လုပ်ဖို့ရှိပါတယ် အဲဒီမှာ ဂျပန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်လောက် တက်ရောက်ပြီးတော့ ကျနော်တို့ မြန်မာပြည်ကပါလာတဲ့ Business Delegation ၄၀ ကျော် ၅၀ လောက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ အဓိက Main ကတော့ အဲဒီမှာဖြစ်ပါတယ်။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ ဦးအောင်သိန်းရေ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG