သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီလဝါစီမံကိန်း ဂျပန်-မြန်မာ သဘောတူလက်မှတ်ထိုး


မြန်မာ- ဂျပန် သီလဝါ စီးပွါးရေးဇုံ အကျိုးတူ ပူးပေါင်းတည်ဆောက်ရေး သဘောတူညီချက် စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပွဲ၊ ရန်ကုန်၊ မြန်မာ။
မြန်မာ- ဂျပန် သီလဝါ စီးပွါးရေးဇုံ အကျိုးတူ ပူးပေါင်းတည်ဆောက်ရေး သဘောတူညီချက် စာချုပ်မူကြမ်း လက်မှတ်ရေးထိုးပွဲ၊ ရန်ကုန်၊ မြန်မာ။
ရန်ကုန်မြို့ စီးပွားရေးအထူးဇုံစီမံကိန်းနဲ့ပတ်သက်လို့ ဂျပန်အစိုးရရဲ့ ငွေကြေးထောက်ပံ့မှု အာမခံချက်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အနည်းဆုံးရှိနိုင်တဲ့ အဆင့်မြင့်နည်းပညာတွေကို သုံးပါမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးခဲ့တယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်လို့ နှစ်ဖက်သဘောတူ စာချုပ် လက်မှတ်ထိုးခဲ့ကြတဲ့ ဒီကနေ့မှာ ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောသွားခဲ့တာပါ။ ဒီအကြောင်းအပြည့်အစုံကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ VOA ဝိုင်းတော်သားကိုသူရစိုး က သတင်းပေးပို့ထားပါတယ်။

အထူးစီပွါးရေးဇုံ တည်ဆောက်တဲ့နေရာမှာ မြန်မာနိုင်ငံ အတွက် ငွေကြေးအရင်းအနှီးနဲ့ နည်းပညာက အလွန်အရေးကြီးတယ်လို့ ဒုဝန်ကြီး ဦးဆက်အောင်က အခုလိုရှင်းပြပါတယ်။

“ဂျပန်နိုင်ငံ အစိုးရကိုယ်တိုင်ကိုက အာမခံချက် ပေးတယ်။ ပြီးတော့ လိုအပ်တဲ့ Financial Resources မှန်သမျ၊ သူတို့ပေးပါ့မယ်ဆိုတဲ့ အာမခံချက်ပေးတယ်။ နောက်ပြီးတော့ သူတို့ရဲ့ Technology ကလည်း Environmental Impacts တွေ အနည်းဆုံးဖြစ်တဲ့ နောက်ဆုံးပေါ် Technology Advanced ပါတဲ့ နည်းပညာတွေသုံးပါမယ်ဆိုပြီး Technological Resources အတွက်ကလည်း အာမခံချက်ပေးတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နိုင်စေရပါမယ်ဆိုပြီးတော့ ကျနော်တို့ Joint Venture လုပ်မှာကိုး။ Joint Venture လုပ်မှာဆိုတော့ မြန်မာကုမ္ပဏီတွေလည်းပါမယ်။ Individual တစ်သီးပုဂ္ဂလလည်းပါမယ်။ အကုန်လုံး ရင်းနှီးမြုတ်နှံမှုတွေ ဖိတ်ခေါ်ပြီးတော့ Developer အနေနဲ့ လုပ်မှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေ အကုန်လုံးပါဝင်ပြီးတော့ အကျိုးကြီးစေရမယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ Civil Society နဲ့ လက်တွဲပါမယ်ဆိုပြီးတော့ အာမခံချက်ပေးတယ်ပေါ့နော်။ အဲ့တော့ Financial Resources တွေ၊ Technological Resources တွေကို လုံးဝ Commitment ပေးတဲ့ ဥစ္စာက ကျနော်တို့ဆီမှာ မရှိခဲ့ဘူး။ စက်မှုဇုံလုပ်မယ်ဆိုပြီး တင်တဲ့ဥစ္စာတွေရှိတယ်။ နောက်မှာ အာမခံချက်မရှိဘူး။ အာမခံချက်မရှိလို့ အဖျားရှုးသွားတာတွေ အများကြီး ကျနော်တို့ဆီမှာ ဖြစ်ခဲ့တယ်။”

စက်မှုဇုံလုပ်ချင်တယ်လို့လျှောက်ထားချက်တွေများစွာရှိပေမဲ့ အာမခံချက်မပေးနိုင်တဲ့အတွက် ပျက်သွားတဲ့စီမံကိန်းတွေအများကြီးရှိတယ်လို့ ဦးဆက်အောင်ကရှင်းပြပါတယ်။

သီလဝါ အထူးစီပွါးရေးဇုံမှာ အထည်အလိပ်လုပ်ငန်းတွေ လုပ်သားအင်အားများများသုံးရတဲ့ စက်မူ လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံလာလိမ့်မယ်လိ့ု ဒုဝန်ကြီး မစ္စတာ SasaKi ကအခုလိုပြောပါတယ်။
သီလဝါအထူးစီပွါးရေးစီမံကိန်းကို ၂၀၁၃ ခုနှစ်မှာ စတင်လုပ်ကိုင်မှာဖြစ်ပြီးတော့ ၂၀၁၅ ခုနှစ်မှာ ဖွင့်လှစ်ဖို ရည်ရွယ်ထားပြီး စက်မှုဇုံအကျယ်အဝန်းမှာ ဧက ၅၀၀၀ ခန့်ရှိမှာဖြစ်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ သီလဝါ စီးပွါးရေးဇုံ အကျိုး တူပူးပေါင်းတည်ဆောက်ရေးသဘောတူညီချက်စာ ချုပ်မူကြမ်းကို မြန်မာအစိုးရဘက်ကအမျိုးသားစီးမံကိန်းနှင့်စီးပွါးရေးဖွံဖြိုးတိုးတက်မူ ဝန်ကြီးဌါန ဒုတိယဝန်ကြီး ဦးဆက်အောင်က လက်မှတ်ရေးထိုးပြီး ဂျပန်နိုင်ငံကိုယ်စား ဂျပန်နိုင်ငံ နိုင်ငံတကာစီးပွါးရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌါန ဒုဝန်ကြီး Mr Nobuhiko Sasaki က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
XS
SM
MD
LG