သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ဝန်ကြီးချုပ်သစ်ဖြစ်လာ

ဂျပန် ဝန်ကြီးချုပ်သစ် Shigeru Ishiba
ဂျပန် ဝန်ကြီးချုပ်သစ် Shigeru Ishiba

ဂျပန်နိုင်ငံမှာ ကာကွယ်ရေး ဝန်ကြီးဟောင်း Shigeru Ishiba ဟာ ဒီကနေ့ပဲ ဝန်ကြီးချုပ်သစ်အဖြစ် တာဝန် စတင် ထမ်းဆောင်ပါတယ်။ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ‌ခေါင်းဆောင် ဖြစ်ဖို့ ငါးကြိမ်မြောက် အကြိတ်အနယ် ယှဥ်ပြိုင်ကြတဲ့ နောက်ဆုံး ရွေးကောက်ပွဲမှာ သူ အနိုင်ရပြီးတဲ့နောက် ခုလို ဝန်ကြီးချုပ်သစ် ဖြစ်လာတာပါ။

အသက် ၆၇ နှစ် အရွယ် Shigeru Ishiba ဟာ သဘောထား တင်းမာတဲ့ အမျိုးသားရေဝါဒီ Sanae Takaichi ကို တကျော့ပြန် ရွေးကောက်ပွဲမှာ အနိုင်ရလိုက်တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း ၉ ယောက် ယှဉ်ပြိုင်ခဲ့တဲ့ ဝန်ကြီးချုပ်သစ် ရွေးချယ်ပွဲဟာ ဂျပန်နိုင်ငံ သမိုင်းမှာ ဆယ်စုနှစ်တွေအတွင်း ကြိုတင်ခန့်မှန်းဖို့ အခက်ခဲဆုံး ရွေးကောက်ပွဲလို့ သတ်မှတ်ထား ကြပါတယ်။

ဂျပန်နိုင်ငံကို ဘေးကင်းလုံခြုံပြီး လူတိုင်း ပျော်ပျော်ရွင်ရွင် နေနိုင်ဖို့၊ ရိုးရိုးသားသား သတ္တိရှိရှိ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်သစ် Shigeru Ishiba က သူ အနိုင်ရပြီဆိုတဲ့ ကြေညာချက် ထွက်လာပြီးပြီးချင်း ပါလီမန်မှာ ပြောဆိုသွားပါတယ်။

အရှုပ်အထွေးတွေ တသီကြီး ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် လက်ရှိ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းလာတာကြောင့် ဝန်ကြီးချုပ် Fumio Kishida က သူ ရာထူးက နုတ်ထွက်တော့မယ့်အကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လမှာ ကြေညာခဲ့ပါတယ်။

ဒီအတောအတွင်း ဒီနေ့ထုတ် The Japan Times သတင်းစာကတော့ ဂျပန်ဝန်ကြီးချုပ် အသစ်အနေနဲ့ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေက ပြည်သူတွေကို သတ်ဖြတ်နေမှုတွေ ရပ်ဆိုင်းဖို့ ပိုပြီး လုပ်ဆောင်ဖို့ လိုတယ်လို့ သုံးသပ်ချက် ရေးသားထားပါတယ်။ ဝန်ကြီးချုပ် Fumio Kishida အစိုးရဟာ မြန်မာနိုင်ငံ့အရေးကို ပြည်တွင်းရေး အဖြစ်သာ ရှုမြင်ပြီး လက်ငင်းအကျိုးကို ကြည့်တဲ့ စီးပွားဆက်ဆံရေးကို ဆက်လက် စွဲကိုင်ထားတဲ့အကြောင်းနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် ဖိအားပေးဖို့ ပျက်ကွက်တဲ့အကြောင်း The Japan Times သတင်းစာက ဝေဖန်ရေးသားထားပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ဝန်ကြီးချုပ်သစ်ဖြစ်လာ
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG