သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ နှစ် ၅၀ နီးပါးကြာမှ သေဒဏ်ကနေ တရားသေလွတ်မြောက်သူ


အသက် ၈၈ နှစ်အရွယ် Iwao Hakamada
အသက် ၈၈ နှစ်အရွယ် Iwao Hakamada

ဂျပန်နိုင်ငံမှာ အနှစ် ၅၀ နီးပါး သေဒဏ်နဲ့ထောင်ကျခဲ့သူ လက်ဝှေ့သမားဟောင်းကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်ပြီး အမှုကနေ တရားသေ လွှတ်ပေးလိုက်ပါတယ်။ အသက် ၈၈ နှစ်အရွယ် Iwao Hakamada ဟာ ၁၉၆၆ ခုနှစ်က လေးလောင်းပြိုင် လူသတ်မှုနဲ့ ၁၉၆၈ ခုနှစ်မှာ သေဒဏ် ချမှတ်ခံခဲ့ရတာပါ။

လူသတ်မှုမှာ လုပ်ကြံ သက်သေအထောက်အထားတွေတွေ့ရှိတာကြောင့် အမှုပြန်စစ်ဖို့ ၂၀၁၄ ခုနှစ်ခုနှစ်မှာ တရားရုံးက ဆုံးဖြတ်ပြီး ထောင်ကနေ သူ့ကို ပြန်မလွှတ်ခင်အထိ သူဟာ အကျဉ်းထောင်မှာ ၄၆ နှစ်ကြာ နေခဲ့ရပါတယ်။

ထောင်ကနေ ပြန်လွတ်ခဲ့ပေမဲ့ အမှုကနေတော့ တရားသေ မလွတ်တဲ့အတွက် သူ့မှာ အပြစ်မရှိဘူးလို့ Iwao Hakamada ဘက်က တစိုက်မတ်မတ်ပြောပြီး လူသတ်မှုကနေ သူ့နာမည် ကင်းရှင်းအောင် တောက်လျှောက် ကြိုးစားခဲ့ပါတယ်။

ဒီအမှုကို ပြန်လည် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ပြန်လည်စစ်ဆေးခဲ့တာပါ။ အမှုမှာ သက်သေ ၃ ခုကို လုပ်ကြံပြသခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိတဲ့အတွက် သူ့မှာ အပြစ်မရှိဘူးလို့ Shizuoka ခရိုင်တရားရုံးက ဒီနေ့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဒီအမှု အခုလို နှစ်ပေါင်းကြာရှည်နေတဲ့အပေါ် တောင်းပန်ပါတယ်လို့ တရားရုံးကြားနာပွဲကို လာတဲ့ Iwao ရဲ့ အသက် ၉၀ ကျော် အမဖြစ်သူကို တရားသူကြီးက တောင်းပန်စကားပြောကြားခဲ့ပါတယ်။ သေဒဏ်ချခံရပြီး အကျဉ်းထောင်ထဲမှာ ၄၆ နှစ် အကျဉ်းကျခဲ့တဲ့ဒဏ်ကြောင့် Iwao Hakamada ရဲ့ ကျန်းမာရေး ထိခိုက်ခဲ့ပါတယ်။

Hakamada ဟာ ၁၉၆၆ ခုနှစ်က သူ့ဆရာနဲ့ ဆရာရဲ့ မိသားစုဝင် ၃ ဦးကို သတ်ဖြတ်ပြီး ဂျပန်မြို့လယ်က သူတို့ရဲ့အိမ်ကို မီးရှို့ခဲ့မှုနဲ့ သေဒဏ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာ သေဒဏ်ချခံရပြီးမှ အမှုကနေ တရားသေလွတ်မြောက်ခဲ့သူတွေထဲမှာ သူဟာ ၅ ယောက်မြောက်ဖြစ်ပြီး၊ သေဒဏ်နဲ့ နှစ်အကြာဆုံး ထောင်ချခံခဲ့ရသူလည်း ဖြစ်ခဲ့ပါတယ်။

ဂျပန်မှာ နှစ် ၅၀ နီးပါးကြာမှ သေဒဏ်ကနေ တရားသေလွတ်မြောက်သူ
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG