သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံသားတဦးကို သူလျှိုမှုနဲ့ တရုတ်ဖမ်းဆီးထား

 ဂျပန်ဆေးကုမ္ပဏီ Astellas Pharma ရုံးချုပ်
ဂျပန်ဆေးကုမ္ပဏီ Astellas Pharma ရုံးချုပ်

သူလျှိုလုပ်မှုနဲ့ ဂျပန်နိုင်ငံသားတယောက်ကို တရုတ်အစိုးရက စွဲချက်တင်လိုက်ပါတယ်။ Astellas Pharma ဂျပန်ဆေးကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတယောက်ကို တရုတ်နိုင်ငံ ဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးပြီး တရားမဝင် ရာဇဝတ်ကျူးလွန်မှုတွေအတွက် စွဲချက်တင်လိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ဒီနေ့ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မတ်လထဲက ဖမ်းဆီးခံထားရတဲ့ ဂျပန်ဝန်ထမ်းတယောက်ကို တရုတ်အာဏာပိုင်တွေက သူလျှိုလုပ်မှုနဲ့ တရားစွဲလိုက်တယ်လို့ ဂျပန်ဆေးကုမ္ပဏီကလည်း ပြောကြားခဲ့ပါတယ်။

ဘေဂျင်းမြို့တော်မှာ မနှစ်ထဲက ဖမ်းဆီးခံထားရတဲ့ ၅၀ ဝန်းကျင်အရွယ် အမျိုးသားကို တရုတ်အစိုးရက ဩဂုတ်လလယ်မှာ စွဲချက်တင်ခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဌာနက ပြောပေမဲ့ ဘယ်သူ ဘယ်ဝါဆိုတာတော့ ထုတ်ဖော်ပြောခြင်း မရှိပါဘူး။

တရုတ်နဲ့ ဂျပန်ကြား ရေနယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှု၊ Fukushima နြူကလီးယား ဓါတ်အားပေးစက်ရုံက သန့်စင်ပြီးသားရေတွေ ပင်လယ်ထဲ စွန့်ထုတ်မှုတွေကြောင့် တင်းမာမှုတွေ ရှိနေချိန် ဂျပန်နိုင်ငံသားကို ဖမ်းဆီးတရားစွဲတဲ့အတွက် တင်းမာမှုတွေ ပိုပြီး ဆိုးစေပါတယ်။

Astellas Pharma ဝန်ထမ်းဖမ်းဆီးခံရပြီးနောက်ပိုင်း ဂျပန်စီးပွားရေးတွေအပေါ် သက်ရောက် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဂျပန်တာဝန်ရှိသူတချို့က ပြောပါတယ်။

ဂျပန်နိုင်ငံသားတဦးကို သူလျှိုမှုနဲ့ တရုတ်ဖမ်းဆီးထား
please wait

No media source currently available

0:00 0:00:41 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG