သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန်ဈေးတင်ရောင်းချမှုနဲ့ ဖမ်းခံရသူ ဂျပန်လုပ်ငန်းရှင် ထောင်ဒဏ်စီရင်ချက်ချပြီး ပြန်လွှတ် 


ဆန်ဈေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Aeon Orange စူပါမားကတ် ဒါရိုက်တာ ဂျပန်နိုင်ငံသား Kasamatsu Hiroshi ရဲ့ ဓါတ်ပုံ
ဆန်ဈေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးထားတဲ့ Aeon Orange စူပါမားကတ် ဒါရိုက်တာ ဂျပန်နိုင်ငံသား Kasamatsu Hiroshi ရဲ့ ဓါတ်ပုံ

ဆန်ဈေးတင်ရောင်းချမှုနဲ့ ဖမ်းခံရသူ ဂျပန်နိုင်ငံသား လုပ်ငန်းရှင်ကို ဒီကနေ့ပဲ ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ AEON Orange အရောင်းဆိုင် ဒါရိုက်တာ အသက် ၅၃ နှစ်အရွယ် Hiroshi Kasamatsu ကို တရားရုံးက ထောင်ဒဏ် ၁ နှစ် စီရင်ချက် ချလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့အပြီး အခုလို ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

တရားရုံး စီရင်ချက်နဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒီကနေ့ ညနေပိုင်းမှာပဲ ပြန်လွှတ်ပေးပြီးဖြစ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက Viber လူမှုကွန်ရက်မှာ သတင်းထောက်တွေကို ဖြေကြားခဲ့တာပါ။

သတ်မှတ်တဲ့ ဆန်ဈေးထက် ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂျပန်လုပ်ငန်းရှင် အပါအဝင် ကုမ္ပဏီအရာရှိ ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လကုန်မှာ သတင်းထုတ်ပြန်ခဲ့တာပါ။ ဆန်လုပ်ငန်းရှင် ၂၄ ဦးကို ဒဏ်ကြေးနဲ့ အခွန်စည်းမျဉ်းတင်းကျပ်ပြီး ဆန်လုပ်ငန်းရှင် ၇ ဦးကိုတော့ တရားစွဲဆိုအရေးယူမယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြား စီးပွားရေး ပြဿနာတွေနဲ့လည်း ကြုံနေရတာပါ။

ဆန်၊ ဆီ အခြေခံစားကုန်တွေ ကုန်ဈေးနှုန်းအဆမတန်တက်လာရာက ဆန်စပါးအသင်းချုပ်တာဝန်ရှိသူတွေနဲ့ ဆန်လုပ်ငန်းရှင်တွေ ကုမ္ပဏီအကြီးအကဲတွေ ၁ ဒါဇင်လောက်ကိုလည်း စစ်ကောင်စီက ခေါ်ယူစစ်ဆေးခေဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG