သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ပြန်မဝင်ဖို့ ဂျပန်ဝန်ကြီးချုပ်ကြေညာ


သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲမဝင်တော့ကြောင်း ပြောခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida (ဩဂုတ် ၁၄၊ ၂၀၂၄)
သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲမဝင်တော့ကြောင်း ပြောခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida (ဩဂုတ် ၁၄၊ ၂၀၂၄)

ဂျပန်ဝန်ကြီးချုပ် Fumio Kishida က လာမယ့် စက်တင်ဘာလမှာ ကျင်းပဖို့ရှိတဲ့ ပါတီတွင်း ခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်ကြောင်း ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ကြရတော့မှာပါ။

မစ္စတာ Kishida ကို အာဏာရ LDP ပါတီရဲ့ ခေါင်းဆောင်အဖြစ် ၂၀၂၁ ခုနှစ်မှာ ရွေးချယ်လိုက်ပြီးတဲ့နောက် သူ့ရဲ့ ၃ နှစ်တာ ဝန်ကြီးချုပ် သက်တမ်းဟာ လာမယ့် စက်တင်ဘာလမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။​

သူ အခုလို ပါတီခေါင်းဆောင်အဖြစ် ဝင်အရွေးမခံတော့တဲ့အတွက် လွှတ်တော် ၂ ရပ်စလုံးမှာ အသာစီးရထားတဲ့ LDP ပါတီက ရွေးချယ်မယ့် ခေါင်းဆောင်သစ်ဟာလည်း ဝန်ကြီးချုပ်တာဝန်ပါ တပါတည်း ရရှိမှာဖြစ်ပါတယ်။

ပါတီတွင်း အကျင့်ပျက် ခြစားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ် Kishida အပေါ် ထောက်ခံမှုတွေ ကျဆင်းလာနေတာမှာ လက်ရှိ သူ့ကို အများပြည်သူရဲ့ ထောက်ခံမှုက ၂၀% အောက်ကို ရောက်ရှိနေပါတယ်။

လက်ရှိ ပါတီတွင်းဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှုတွေနဲ့ပတ်သက်လို့ ပါတီအနေနဲ့ အလေးထားပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ် ဆိုတာကို ပြသတဲ့အေနနဲ့ သူ့အနေနဲ့ ရာထူးကနေ အခုလို နုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုလိုက်ပြီး နောင်တက်လာမယ့် ဝန်ကြီးချုပ်အသစ်ကို ထောက်ခံ အားပေးသွားမယ်လို့ ပြောပါတယ်။​

အခုနှစ်အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ဒေသန္တရ ရွေးကောက်ပွဲတွေမှာ LDP ပါတီ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပါတီတွင်းမှာ သူ့ဩဇာ ကျဆင်းလာပြီး ခေါင်းဆောင်သစ် ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတဲ့ ပါတီတွင်း ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ သူ ရာထူးက နုတ်ထွက်ဖို့ ဖြစ်လာတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG