သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမှာ ကာဘွန်ဓာတ်ငွေ့ကင်းစင်ရေး ဂျပန်ဦးဆောင်မည်


ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ကျင်းပတဲ့ ဒီ Asia Zero Energy Carbon (AZEC) စည်းဝေးပွဲအတွင်း တွေ့ရတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida (လယ်-အောက်)နဲ့ အာဆီယံခေါင်းဆောင်များ (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)
ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ကျင်းပတဲ့ ဒီ Asia Zero Energy Carbon (AZEC) စည်းဝေးပွဲအတွင်း တွေ့ရတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida (လယ်-အောက်)နဲ့ အာဆီယံခေါင်းဆောင်များ (ဒီဇင်ဘာ ၁၈၊ ၂၀၂၃)

အာရှတိုက်အတွင်း ကာဘွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ အထွက်နည်းနဲ့ စွမ်းအင်တွေအသုံးချပြီး ကာဘွန်ဓာတ်ငွေ့ ကင်းစင်တဲ့ဒေသဖြစ်လာအောင် ဂျပန်နိုင်ငံက ဦးဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Fumio Kishida က ဒီကနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။

ကာဘွန်ဒိုင်ဓာတ်ငွေ့ထုတ်လုပ်မှု လျော့ချရေးဟာ ဒေသတခုလုံးအတွက် စိန်ခေါ်မှုဖြစ်တာကြောင့် အာရှတိုက်မှာ ကြီးမားတဲ့ ဈေးကွက်ဖန်တီးပြီး အဲဒီမှာ ကာဘွန်ဓာတ်ငွေ့ လျှော့ချရေးနဲ့ဆိုင်တဲ့ ရင်းနှီမြုပ်နှံမှုတွေ ရောက်လာအောင် ဂျပန်နိုင်ငံက လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Kishida က ပြောပါတယ်။

အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ် ၅၀ ပြည့်အဖြစ်နဲ့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ၃ ရက်ကြာ ထိပ်သီး စည်းဝေးပွဲ နောက်ဆုံးနေ့ ဒီကနေ့မှာ Asia Zero Energy Carbon (AZEC) ညီလာခံကို ကျင်းပတာ ဖြစ်ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ ဒီ Asia Zero Energy Carbon (AZEC) စည်းဝေးပွဲကနေ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်တာမှာ - နိုင်ငံတခုခြင်းစီက စတင်လုပ်ဆောင်နိုင်တဲ့ အခြေအနေအပေါ်မူတည်ပြီး မတူကွဲပြားတဲ့ပုံစံ၊ လမ်းကြောင်းတွေနဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ လျှော့ချရေးကို ခေါင်းဆောင်တွေက သဘောတူကြတယ်လို့ ဖော်ပြထားပါတယ်။

အာရှတိုက်အတွင်း ကာဘွန်ဓာတ်ငွေ့ ကင်းစင်အောင်လုပ်ဆောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၈ ထရီလီယံ လိုအပ်မယ်လို့ ခန့်မှန်းထားကြောင်း အိမ်ရှင် ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောကြားခဲ့ပါတယ်။ ဒီ အာဆီယံ-ဂျပန် ဆက်ဆံရေး နှစ် ၅၀ ပြည့် အခမ်းအနားကို မြန်မာစစ်ကောင်စီကို ဖိတ်ကြားခြင်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG