သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချဖို့ အမေရိကန်အစိုးရ စည်းမျဥ်းထုတ်

TOPSHOT - COP28 president Sultan Ahmed Al Jaber (C) presides the opening ceremony of the COP28 United Nations climate summit in Dubai on November 30, 2023.
TOPSHOT - COP28 president Sultan Ahmed Al Jaber (C) presides the opening ceremony of the COP28 United Nations climate summit in Dubai on November 30, 2023.

မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချဖို့ အမေရိကန်အစိုးရ စည်းမျဥ်းထုတ်

ကမ္ဘာကြီး ပူနွေးလာမှု ကာကွယ်ရေးလုပ်ငန်းစဉ်တခုအဖြစ် အမေရိကန်ပြည်ထောင်စုမှာ မီသိန်းဓာတ်ငွေ့ ထုတ်လှုပ်မှု လျော့ချရေးအတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ လိုက်နာရမယ့်စည်းမျဉ်းတခုကို သမ္မတဘိုင်ဒင် အစိုးရက စနေနေ့တုန်းက ထုတ်ပြန်လိုက်ပါတယ်။

အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ UAE မှာ ကုလသမဂ္ဂက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့ရာသီဥတု ထိပ်သီးညီလာခံ COP28 ကျင်းပနေချိန်မှာ အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက် ထွက်ပေါ်လာတာပါ။

သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေပြီး၊ လူတွေမှာ ကင်ဆာ၊ အသက်ရှုလမ်းကြောင်း ရောဂါလို ရောဂါတွေဖြစ်စေတဲ့ မီသိမ်းဓာတ်ငွေ့ကို ထိထိရောက်ရောက် လျော့ချနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို စည်းမျဉ်းထုတ်ပြန်တာကို အမေရိကန် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီ EPA တာဝန်ရှိသူတွေက COP28 ရာသီဥတုထိပ်သီး ညီလာခံမှာကြေငြာခဲ့ပါတယ်။

ဒါ့အပြင် စနေနေ့တုန်းကပဲ ဒီထိပ်သီးညီလာခံမှာ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ တဝက်ကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၅၀ ဟာ လာမယ့် ၂၀၃၀ ခုနှစ်မှာ မီသိမ်းဓာတ်ငွေ ထုတ်လုပ်မှု သုံည နီးပါအထိ လျော့ချနိုင်ဖို့ ကတိပြုခဲ့တယ်လို့ ရာသီဥတုညီလာခံရဲ့ ဥက္ကဌကကြေငြာခဲ့ပါတယ်။

This item is part of
XS
SM
MD
LG