သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုပ်ကြွင်းလောင်စာနဲ့ပတ်သက်လို့ COP 28 ညီလာခံအတွင်း အမြင်ကွာဟ


COP 28 ရာသီဥတုဆိုင်ရာညီလာခံတက်ရောက်နေတဲ့ အမေရိကန်အထူးကိုယ်စားလှယ် John Kerry (ဒီဇင်ဘာ ၆၊ ၂၀၂၃)
COP 28 ရာသီဥတုဆိုင်ရာညီလာခံတက်ရောက်နေတဲ့ အမေရိကန်အထူးကိုယ်စားလှယ် John Kerry (ဒီဇင်ဘာ ၆၊ ၂၀၂၃)

ဓာတ်ဆီ၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေးတို့လို ရုပ်ကြွင်းလောင်စာရဲ့ အနာဂတ်အခန်းကဏ္ဍနဲ့ပတ်သက်လို့ ကုလသမဂ္ဂ ၂၈ ကြိမ်မြောက် ဥတုရာသီညီလာခံ COP 28 ရဲ့ ညှိနှိုင်းဆွေးနွေးသူတွေကြားမှာ အမြင်ကွာဟာချက်က တနင်္ဂနွေနေ့အထိ ကြီးမားနေဆဲဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနဲ့ ကျွန်းနိုင်ငံငယ်လေးများအပါအဝင် နိုင်ငံပေါင်း ၈၀ ကျော်က ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေး အသုံးပြုတာကို တဖြည်းဖြည်းလျှော့သွားဖို့ တွန်းအားပေးနေပေမဲ့ အိုပက် ခေါ် ရေနံထွက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံတွေနဲ့ မဟာမိတ်တွေက ဆန့်ကျင်နေကြတာပါ။ ညီလာခံ မှာ ရုပ်ကြွင်းလောင်စာကို ပစ်မှတ်ထားလာတဲ့ ဘာသာစကား အသုံးအနှုန်းတွေကို ဆန့်ကျင်ကြဖို့ အိုပက်အဖွဲ့က အဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာ ၆ ရက်နေ့စွဲနဲ့ ပေးတဲ့စာမှာ ဆော်ဩထားပါတယ်။

“ဆွေးနွေးညှိနှိုင်းဖို့ ချထားတဲ့အချိန်သတ်မှတ်ချက်အရဆိုရင် ပြီးရမယ့် ရက်က နီးလာပြီ။ ဒါပေမဲ့ နောက်ဆုံး သဘောတူညီချက်ရဖို့ လုံးဝ မရောက်သေးဘူး” လို့ ပိုလန်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် အဒမ် ဂွီဘိုးဂျဲ ဇယ်တွမ်တင်စကီ (Adam Guibourgé-Czetwertyński) က ပြောပါတယ်။

ရုပ်ကြွင်းလောင်စာထက် ဓာတ်ငွေ့အထွက်လျှော့ချဖို့ကိုပဲ COP 28 ညီလာခံက အဓိကထားသင့်တယ်လို့ ရုရှား၊ တခြားနိုင်ငံတွေနဲ့အတူ အိုပက်ကို လက်တွေ့သဘောအရ ဦးဆောင်နေတဲ့ ဆော်ဒီအာရေဗျက ပြောပါတယ်။

ရုပ်ကြွင်းလောင်စာနဲ့ပတ်သက်လို့ COP 28 ညီလာခံအတွင်း အမြင်ကွာဟ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG