သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာကြီးပူနွေးလာမှု ဆော်ဩသတ်မှတ်ချက်ထက် ကျော်လွန်လာ


ကမ္ဘာမြေကြီးရဲ့ အပူချိန်ဟာ စက်မှုမထွန်းကားမီကာလကထက် ၂.၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂.၉ ဒီဂရီ စင်တီဂရိတ်အတွင်း (၄.၅ ကနေ ၅.၂ ဒီဂရီ ဖာရင်ဟိုက်) မြန်မြန်ဆန်ဆန်ကြီး ပိုပြီး ပူနွေးလာနေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာက ပြောပါတယ်။

၂၀၁၅ ပါရီ ဥတုရာသီ သဘောတူညီချက်က ၁.၅ ဒီဂရီ ထက်ပိုပြီး မပူလာအောင် ‌လုပ်ဆောင်ကြဖို့ ဆော်ဩသတ်မှတ်ခဲ့တာကြောင့် ဒီအပူချိန်က သတ်မှတ်ချက်ထက် အများကြီး ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ပါရီသဘောတူညီချက်အတိုင်းဖြစ်ဖို့ဆိုရင် တိုင်းပြည်တွေ ဟာ သူတို့ရဲ့ ကာဘွန် ထုတ်လုပ်မှုကို ဒီ ဆယ်စုအကုန်မှာ ၄၂ ရာနှုန်း လျှော့ချရမှာဖြစ်ပါတယ် လို့ တနင်္လာနေ့မှာထွက်လာတဲ့ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဥ် UNEP ရဲ့ ကာဘွန် ထုတ်လုပ်မှု ကွာဟာချက်အစီရင်ခံစာက ပြောပါတယ်။

ကျောက်မီးသွေး၊ ရေနံ၊ ဓာတ်ဆီနဲ့ ဓာတ်ငွေ့တွေလောင်ကျွမ်းရာက ထွက်လာတဲ့ ကာဘွန်ထုတ်လုပ်မှုက မနှစ်ကထက် ၁.၂ ရာနှုန်းတက်သွားတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။ ဒီနှစ် စက်တင်ဘာလအကုန်အထိ ၁၉ ရာစုအလယ်က အပူချိန်ထက် ၁.၅ ဒီဂရီစင်တီဂရိတ် ကျော်သွားတဲ့ ရက်ပေါင်းက ၈၆ ရက် ရှိခဲ့ပြီးပါပြီ။ နိုဝင်ဘာအထိဆိုရင် ရက်ပေါင်းက ၁၂၆ ရက်ရှိသွားခဲ့ပြီလို့ ဥရောပက ရာသီဥတုဆိုင်ရာ အဖွဲ့အစည်း Copernicus က ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မှတ်တမ်းရှိခဲ့သမျှ သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာမြေရဲ့ အပူချိန်က ၂ ဒီဂရီ စင်တီဂရိတ် ပိုပူသွားတယ်လို့ ကောပါးနီးစကပ်စ်အဖွဲ့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဆမန်သာ ဘာဂရက်စ် (Samantha Burgess) က ပြောပါတယ်။ ‘အပြောင်းအလဲ အရှိန်နဲ့ ကြုံတွေ့နေရတာကို ဒါက ပြလိုက်တာပါ’ လို့ ကုအစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သူ ဒိန်းမတ်နိုင်ငံက ပညာရှင် အန်း အောလ်ဟော့ဖ် (Anne Olhoff) က ပြောပါတယ်။ ‘သိပ္ပံပညာအပေါ် အခြေခံပြီးပြောရရင် ဥတုရာသီက ကျမတို့ကို တီးတိုးလေသံ နဲ့ သတိပေးလိုက်တာပါ။ အနာဂတ်မှာ ကြားကြရမှာကတော့ ဟိန်းဟောက်သံနဲ့ ပို တူပါလိမ့်မယ်’ လို့ မစ္စ အန်း အောလ်ဟော့ဖ် က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG