သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ တောင်ကိုရီးယား၊ ဂျပန် ပူးပေါင်းဆောင်ရွက်မှု ထပ်လောင်း ကတိကဝတ်ပြု


Camp David ထိပ်သီးအစည်းအဝေးတက်ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol (ဝဲ) နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida (ယာ) တို့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်စကားပြောနေတာကို နားထောင်ကြစဥ်။ (သြဂုတ် ၁၈၊ ၂၀၂၃)
Camp David ထိပ်သီးအစည်းအဝေးတက်ရောက်လာတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol (ဝဲ) နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida (ယာ) တို့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန်စကားပြောနေတာကို နားထောင်ကြစဥ်။ (သြဂုတ် ၁၈၊ ၂၀၂၃)

တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုခေါင်းဆောင်တွေဟာ Camp David ထိပ်သီးညီလာခံနှစ်ပတ်လည်အဖြစ်နဲ့ တနင်္ဂနွေနေ့က ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ဒေသတွင်းစိန်ခေါ်မှုတွေကို အတူတကွရင်ဆိုင်ဖြေရှင်းဖို့ထပ်လောင်း ကတိကဝတ်ပြုကြတယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ထုတ်ပြန်ပါတယ်။

သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရာမှာ ပြီးခဲ့တဲ့နှစ် ထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု အ‌ခြေခံမူအတိုင်း ရပ်တည်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ရုံး ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဘုံအကျိုးစီးပွားနဲ့ လုံခြုံရေးကို ထိခိုက် ခြိမ်းခြောက်မှုတွေ ရန်စမှုနဲ့ ဒေသတွင်း စိန်ခေါ်မှုတွေကိုတိုင်ပင်ညှိနှိုင်းသွားဖို့ ပိုင်းဖြတ်ထားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အမေရိကန်သမ္မတ Joe Biden ၊ ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တောင်ကိုရီးယားသမ္မတ Yoon တို့ဟာ ပြီးခဲ့တဲ့နှစ်ဩဂုတ်လ ၁၈ ရက် နေ့က တွေ့ဆုံပြီး တရုတ်ဩဇာကြီးလာတာနဲ့ ဒေသတွင်း မြောက်ကိုရီးယားခြိမ်းခြောက်မှုကိုအတူတကွရင်ဆိုင်ဖို့ရာ စစ်ရေး၊ စီးပွားရေး ပိုပြီး ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့ကြတာပါ။ခေါင်းဆောင်တွေဟာ ဒီနှစ်အတွင်းမှာလည်း ထိပ်မံတွေ့ဆုံဖို့ရှိတယ်လို့ တောင်ကိုရီးယားသတင်းတွေ ဖော်ပြပေမယ့်ဘယ်တော့လဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ အထူးသဖြင့် ဂျပန်နိုင်ငံမှာ ဂျပန်ဝန်ကြီးချုပ် Kishida က ရာထူးက နုတ်ထွက်မယ်ဆိုပြီး ကြေညာထားကတည်းကပါ။

သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေ ဆွေးနွေးဖို့ ခေါင်းဆောင်သုံးဦးတွေ့ဆုံခွင့်ရမယ့် နေရာ နှစ်နေရာ သုံးနေရာလောက် ရှိနေတယ်လို့ တောင်ကိုရီးယားသမ္မတရုံး အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။ သမ္မတ Biden ရောဂျပန်ဝန်ကြီးချုပ် Kishida တို့ပါ တာဝန်က အနားယူခဲ့ရင်တောင် သုံးနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ဆက်ရှိနေဦးမယ်လို့လည်း အမည်မဖော်လိုတဲ့ တောင်ကိုရီးယား တာဝန်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG